ယိုးဒယားကော်ပြန့်လိပ်
ရှင်မင်းတို့ဟင်းချက်တယ်ဆိုတာ တခြားတော့မဟုတ်ပါဘူး၊ စာအုပ်ဖတ်
လိုက်၊ အင်တာနက်ပေါ်လျှောက်လေ့လာလိုက်၊ မမလုလုဆီမေးလိုက်၊
နေးတစ်ဖိုရမ်ပေါ်တက်အော်လိုက် နဲ့ အထောက်အကူတွေ တပုံတမနဲ့
ချက်တတ်တာပါ။ ခုလဲ ၉၉ ပြားတန်ယိုးဒယားဟင်းချက်နည်းစာအုပ်လေး
ဟိုလှန်ဒီလှန်လုပ်ရင်း ကော်ပြန့်လိပ်လေး စမ်းကြည့်ဖို့ စိတ်ကူးမိပါတယ်။
သူတို့ထည့်တဲ့ အဆာတွေကအများသားမို့ တခါတခါစမ်းမယ်စမ်းမယ်နဲ့
ခုမှပဲ စမ်းလုပ်ကြည့်မိပါတယ်။ ကော်ပြန့်  ကို အရှေ့ တောင်အာရှ နိုင်ငံ
အတော်များများမှာ စားတတ်ကြပြီး၊ နေရာဒေသအလိုက် ထည့်တဲ့ အဆာ
တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ ဟိုတခါ မမွန်က မိုင်ကော်ပြန့် လုပ်
ထားတာမှ ဒီကလဲ အားကျပြီး ကော်ပြန့်လေး လုပ်ကြည့်လိုက်ပါတယ်။
အစက ၀ယ်ရတာတွေ မှတ်ထားပြီး ဈေးတွက်ဦးမလို့ပဲရယ်၊ နောက်တော့
စားမ၀င်တော့မှာစိုးလို့ မတွက်ချင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အပြင်မှာ သွား
စားတာထက်တော့ တန်နေသေးမှာပါပဲနော်။
ပါဝင်တဲ့အရာတွေကတော့
မုန်လာဥနီ (သို့ ) ခါကြက်ဥ
မျှစ်
ကြွက်နားရွက်မို
ပဲကြာဇံ
ပုဇွန်
ဆီ
ကြက်သွန်မြိတ်
နံနံပင်
ဂေါ်ဖီ (သို့မဟုတ်) ပဲတီပင်ပေါက် တို့ပါပဲ။
အရင်ဆုံး မုန်လာဥနီ (ခါကြက်ဥ) ကို မီးခြစ်ဆံချောင်းလောက် အရွယ်လေး
တွေလှီးပါတယ်။ မျှစ်အတုံးဆိုလျှင်လဲ မျှစ်ကိုမုန်လာဥနီနဲ့ အရွယ်တူလောက်
လှီးပါ။ ပဲတီပင်ပေါက်ကိုရေးဆီးထားပြီး၊ ကြက်သွန်မြိတ်၊ နံနံပင်စတာတွေကို
လဲ ပါးပါးလှီးထားပါ။ ပုဇွန်ကိုတော့ အခွံသင် ၊ သန့်ရှင်းပြီး အတုံးသေးသေး
လေးတွေ တုံးပြီးဆားလေးနဲ့ နယ်ထားလိုက်ပါတယ်။ (မေ့တော့မလို့ ကြွက်
နားရွက်၊ ပဲကြာဇံ တို့ကိုလဲ ရေစိမ်ထားပြီး၊ ပျော့လာလျှင် ကြွက်နှစ်ရွက်ကိုပါး
ပါးလေးတွေလှီးထားပါ၊ ပဲကြာဇံကိုလဲ အနေတော်ဖြတ်တောက်လိုက်ပါတယ်။)
အရင်ဆုံး ဆီအိုးတည်ပြီး ကြက်သွန်ဖြူဆီသပ် ပါတယ်။ မွှေးလာရင်တော့
မုန်လာဥနီ၊ ကြွက်နှစ်ရွက်တို့ကိုအရင်ကြော်ပါတယ်။ ခဏနေလျှင် ဂေါ်ဖီ၊
နံနံပင်၊ ကြက်သွန်မြိတ်၊ ပုဇွန်၊ ပဲကြာဇံ နဲ့  မျှစ်တို့ကိုတပါတည်းထည့်ပြီး၊
ဆားအနည်းငယ်ထည့်ပါ။ ကြိုက်တတ်ရင် အချိုမှုန့် (သို့ ) သကြား (သို့ )
ကြက်သားမှုန့် တို့ကိုထည့်ပါ။ အားလုံး ကျက်ပြီးအရသာအနေတော်လောက်
ဆိုလျှင် မီးပိတ်လိုက်ပါ။
ကော်ပြန့်  ဖတ်တွေကိုတော့ရေခဲသေတ္တာထဲက အစောကြီးကြိုပြီး ထုတ်ထား
လိုက်ပါတယ်။ ခြောက်သွေ့  ၊ သန့်ရှင်းတဲ့ မျက်နှာပြင်တခုခုပေါ်မှာ ဖြန့်ထားပြီး
အဆာတွေကို အလယ်တည့်တည့်မှာပုံပါ။ ပြီးလျှင် ဘေးနှစ်ချက်ကိုပါ၊ အလည်
ဘက်သို့ခေါက်ပြီး ၊ အလိုက်သင့်လိပ်သွားရပါတယ်၊ လိပ်ပြီးသားကော်ပြန့် တွေကို
အစိမ်းစားနိုင်သလို ၊ ကြော်ပြီးစားလဲ ရပါတယ်။ အစိမ်းကိုတော့ ရေနွေးငွေ့  နဲ့ 
ပေါင်းပြီး အချဉ်ရေ၊ ဆလပ်ရွက်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ မစားဖြစ်လို့ ကျန်
နေမယ့် ကော်ပြန့်  တွေကို ရေဆွတ်ပြီး ညှစ်ထားတဲ့ အ၀တ်သန့် သန့်နဲ့ ထုတ်ပြီး
ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။
15:26 | Labels: ယိုးဒယားကော်ပြန့်လိပ် | 3 Comments
မျှစ်နဲ့ ရှမ်းနံနံ ကြော်
ဒီနေ့တော့ နလန်ထူခါစ သူငယ်ချင်းလေးက ပူပူစပ်စပ်စားချင်တယ်ဆို
တာနဲ့ မျှစ်နဲ့ ရှမ်းနံနံ ကြော်လေးကို ကြော်ပေးလိုက်ပါတယ်။
ရှမ်းနံနံကို saw-leaf herbs လို့ခေါ်ပါတယ်။
လိုအပ်မယ့်အရာတွေကတော့
မျှစ်
ရှမ်းနံနံ
ငရုတ်သီးစိမ်း
ဂျင်း
ဆီ
ငရုပ်သီးမှုန့်
ကြက်သာအမှုန့် (သို့မဟုတ်) Knorr တတုံးတို့ပါပဲ။
မျှစ်အတုံးလိုက် ကို အချောင်းလေးတွေ လှီးပါနော်၊ ရှင်မင်းကတော့ လှီးပြီးသား
အထုပ်ကို ၀ယ်ပါတယ်။ ဂျင်းလက်တဆစ်လောက်ကိုလဲ ထောင်းပြီး အရည်ယူ
ထားပါ။ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံကိုတော့ ပါးပါးလေးလှီးထားပါ။ အားလုံးအဆင်
သင့်ဖြစ်ပြီဆိုလျှင် ဆီတည်ထားတဲ့အိုးထဲကို မျှစ်ထည့်ပါ၊ တဆက်တည်းကြက်
သားမှုန့်၊ ဂျင်းရည်၊ ငရုတ်သီးမှုန့်တို့ကိုထည့်ပါ။ အဓိက စပ်စပ်လေးဖြစ်ချင်တာ
မို့ ဂျင်းရည် ရဲ့  အပူ ၊ ငရုတ်သီးရဲ့  အစပ်တို့ကို ယူထားခြင်းဖြစ်ပါတယ်။ အစပ်
မစားနိုင်တဲ့သူတွေကတော့ လျော့ထည့်လို့ရပါတယ်။ မျှစ်နူးလောက်ပြီဆိုလျှင်
ငရုတ်သီးစိမ်း နဲ့ ရှမ်းနံနံကိုထည့်ပါ။ ရှမ်းနံနံ ကျက်သွားလောက်လျှင် မီးပိတ်
လို့ရပါပြီ။ ဆားအပေါ့အငံမြည်းပြီး ပေါ့နေလျှင်ဆားအနည်းငယ်ထည့်ပါ။
မျှစ်နှင့်ရှမ်းနံနံကြော်ကို ထမင်းပူပူလေးနှင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်။
အခိုးအငွေ့  ပွင့်ချင်တဲ့ သူငယ်ချင်းလေးကတော့ တရှူးရှူးနဲ့ စားပြီး သဘော
တွေ့နေလေရဲ့ ။
18:28 | Labels: မျှစ်နဲ့ ရှမ်းနံနံ ကြော် | 2 Comments
ခရမ်းချဉ်သီးသုပ်
ခရမ်းချဉ်သီးတွေ အိမ်မှာ ပုံနေတာနဲ့ အသုပ်လေး သုပ်စားဖို့ စဉ်းစားမိပါ
တယ်။ ဟင်းတကူးတက မချက်ချင်တဲ့ အခါလဲ အလွယ်တကူ သုပ်စား
လို့ အဆင်ပြေလှပါတယ်။ ခရမ်းချဉ်သီး မာမာလေးတွေကို ရွေးသုပ်ရင် ပို
စားကောင်းပါတယ်နော်။
ပါဝင်တဲ့အရာတွေကတော့
ခရမ်းချဉ်သီး
ငရုပ်သီးစိမ်း
ပဲမှုန့်
မြေပဲ (သို့မဟုတ်) နှမ်း
သံပုရာသီး
ဆား
ဆီချက်
နံနံပင်တို့ပါပဲ။
အရင်ဆုံး ခရမ်းချဉ်သီး ကိုမထူမပါး လှီးထားပြီး ၊ နယ်မယ့်ပန်းကန်ထဲ
မှာ ကြက်သွန်ဖြူ ဆီကျက်၊ ဆား၊ ပဲမှုန့် ၊ နံနံပင် နဲ့ သံပုရာသီးလေးညှစ်ပြီး
နယ်လိုက်ပါတယ်။အပေါ့အငံမြည်းပြီး ၊ အနေတော်ဆိုလျှင် စားမယ့်ပန်းကန်
ထည့်လိုက်ပါ။ပြီးလျှင် ငရုပ်သီးစိမ်းလေးတွေ နဲ့ ၊ မြေပဲထောင်းထားတာလေး
ဖြူးလိုက်ပါ။ရှင်မင်းကတော့ မြေပဲကုန်နေလို့ နှမ်းလေးဖြူးထားပါတယ်။
အဆင်ပြေလွယ်ကူတဲ့ ခရမ်းချဉ်သီးသုပ်လေးကို ထမင်းပူပူလေးနဲ့ တွဲဖက်စား
သုံးရင်ထမင်းမြိန်လှပါတယ်။
09:07 | Labels: ခရမ်းချဉ်သီးသုပ်, အသုပ် | 1 Comments
မုန်လာဥချဉ်ဟင်း
စီစဉ်ထားပါတယ်။
မုန်လာဥချဉ်ဟင်း အတွက်လိုအပ်မှာတွေကတော့
မုန်လာဥ အဖြူ
ဆီ
ခရမ်းချဉ်သီး
ငံပြာရည်
မန်ကျည်းမှည့်အရည်
ငါးပိစိမ်းစား
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ငရုတ်သီးမှုန့်  တို့ပါပဲ။
အရင်ဆုံး မုန်လာဥ ကို သင်ပြီး၊ တစောင်းလေးတွေ လှီးပါ။ ကြက်သွန်
ဖြူ၊ နီ ကိုလဲဆီသပ်ဖို့ ထောင်းထားရပါမယ်။ ဆီအိုးတည်ပြီး ကြက်သွန်
ဖြူ၊ နီ နှင့် နနွင်းအနည်းငယ်ကိုဆီသပ်ပါ။ အနံ့ မွှေးပြီး ရွှေဝါရောင် သန်း
လာလျှင် ခရမ်းချဉ်သီး လှီးထားတာကို ထည့်ပါ။ တဆက်တည်း အရောင်
တင် ငရုတ်သီးမှုန့် ပါထည့်ပါ။ ခရမ်းချဉ်သီး က အရည်လေးတွေ ခမ်းပြီး
ဆီပြန်လာရင် ပုဇွန်ခြောက်၊ ငံပြာရည် ထည့်ပါ။ လှီးထားတဲ့ မုန်လာဥလေးတွေပါ
ထည့်ပါ။ ပြီးလျှင် ရေအနည်းငယ် နှင့် မန်ကျည်းမှည့်ဖျော်ရည် နှင့်တကွ
ငါးပိစိမ်းစား ကွမ်းသီးလုံးလောက်အရွယ်ထည့်ပါ။ အဖုံးအုပ်ထားပြီး၊
မုန်လာဥ ကျက်လာတဲ့အထိ ရေထည့်ပြီးချက်ပေးရပါမယ်။ အပေါ့အငံ
မြည်းပြီး ငံပြာရည်လိုလျှင်ထပ်ထည့်ပါ။ ကြိုက်တတ်လျှင် နံနံပင်၊
ငရုတ်သီးစိမ်းလေးတွေ အုပ်လို့ ရပါတယ်။
မုန်လာဥချဉ်ဟင်းကို အထက်ပါနည်းအတိုင်း ပုဇွန်ခြောက်အစား၊
ငါးကို ဆား ၊ နနွင်း နယ်ပြီးလဲ ချက်နိုင်ပါတယ်။
14:15 | Labels: ချဉ်ဟင်း, မုန်လာဥ. အရည်သောက် | 1 Comments
အာလူး ပုဇွန်ဟင်း
ဒီနေ့တော အာလူးပုဇွန်ဟင်းလေးချက်ဖို့ စီစဉ်ထားပါတယ်။ အာလူး ကို
မချက်ခင် ပြုတ်ထားရပါမယ်။ ပုဇွန်ကိုတော့ အခွံတွေနွှာပြီး၊ သင်ထား
ရပါမယ်။
အာလူး ပုဇွန်ဟင်းအတွက်လိုအပ်တဲ့ အရာတွေကတော့
ပုဇွန်
အာလူး
အရောင်တင်ငရုတ်သီးမှုန့်
နနွင်း
ငံပြာရည်
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ခရမ်းချဉ်သီး
နံနံပင်
ငရုတ်သီးစိမ်း
မဆလာအနည်းငယ် တို့ပါပဲ။
အာလူးကို ကျက်အောင်ပြုတ်ထားရပါမယ်။ သိပ်မပျော့ခင်မှာပဲ
ချလိုက်ပြီး၊ အနေတော်လေးတွေ တုံးထားပါ။ ပုဇွန်ကိုတော့ ဆား
နှင့် နနွင်းနယ်ထားရပါမယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို ထောင်း
ထားပြီး၊ ခရမ်းချဉ်သီးကို အတုံးလေးတွေလှီးထားပါ။
ချက်မည့် အိုးထဲသို့ ဆီထည့်ပြီး ၊ ဆီကျက်လာလျှင် ကြက်သွန်ဖြူ၊နီ
ဆီသပ်ပါ။ အနံသင်းလာလျှင် အရောင်တင် ငရုတ်သီးမှုန့်ထည့်ပါ။
ခရမ်းချဉ်သီးပါ တဆက်တည်းထည့်ပြီး မွှေပေးပါ။ ခရမ်းချဉ်သီးတွေ
ကျေပြီး လိပ်လာလျှင်၊ အာလူးပြုတ်ထားတာထည့်ပါ။ ရေအနည်းငယ်
ထည့်ပြီး အားလူးကို ချက်ပါ။ ငံပြာရည်၊ မဆာလာတို့ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အာလူးထဲသို့ ဟင်းအနှစ်အရသာစိမ့်ဝင်သည်အထိ
ချက်ရပါမယ်။
အားလူးအနည်းငယ်ပျော့လာလျှင်၊ ပုဇွန်ထည့်ပါ။ ရေလိုလျှင် ရေအနည်း
ငယ်ထည့်ပါ။ ပုဇွန်ကို ကြာကြာချက်လျှင် မာသွားတတ်ပါတယ်။ ပုဇွန်
လေးတွေကွေးလာလျှင် နံနံပင်၊ ငရုတ်သီးစိမ်းအုပ်ပြီးအိုးကို မီးပိတ်လို့
ရပါပြီ။
20:21 | Labels: ပုဇွန်, အာလူး ပုဇွန်ဟင်း | 0 Comments
ပင်လယ်စာထုပ်
ယိုးဒယား Seafood packet ဆိုတဲ့ ချက်နည်းလေးကို စိတ်ဝင်စားတာနဲ့
တရက် စမ်းကြည့်ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ဆော့ရမယ်ဆို စိတ်အား
ထက်သန်တာနဲ့ အပျင်းပြေလုပ်စားဖြစ်ပါတယ်။ ပါဝင်တဲ့ အမယ်တွေကလဲ
ရှာရသိပ်ခက်ခက်ခဲခဲ မဟုတ်လို့၊ ရှင်မင်းမကြာခဏလုပ်စားဖြစ်မယ့် အစား
အသောက်တမျိုးပါပဲ။ ရေနွေးငွေနဲ့ ပေါင်းရပြီး၊ ဆီကြော်မဟုတ်တဲ့အတွက်
အဆီအအိမ့် မစားချင် သူများအတွက်ပါ သင့်လျော်လှပါတယ်။
ပင်လယ်စာထုပ်အတွက် လိုအပ်တဲ့အရာတွေကတော့
ပုဇွန် အလတ် ၁၀ကောင်
ဂဏန်းအတု ၆ ချောင်း
မျှစ် လက်တဆုပ်စာခန့်
နှမ်းဆီအနည်းငယ်
ကြက်သားအမှုန့် တဇွန်း
ငံပြာရည်
ပဲငံပြာရည်အကြည်
ဂျင်းလက်တဆစ်
ကြက်သွန်မြိတ်
နံနံပင်
Rice sheet ၁၂ ရွက်တို့ပါပဲ။
အရင်ဆုံး အဆာတွေဖြစ်တဲ့ မျှစ်၊ ဂဏန်း တို့ကို အချောင်းလေးတွေခပ်
သေးသေးလှီးရင်း ဖယ်ထားပါ။ ပုဇွန်ကိုလဲ အတုံးခပ်သေးသေးလေးတွေ
တုံးပါ။ ပန်းကန် ကြီးကြီးတခုထဲမှာ မျှစ် ၊ ပုဇွန်၊ ဂဏန်း၊ ငံပြာရည်၊ ပဲငံပြာ
ရည်၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ကို ရောမွှေပါ။ ကြက်သားမှုန့် အနည်းငယ်
ပါထည့်ပါ။ အားလုံး သမအောင် မွှေပြီးလျှင် အထုပ်လေးတွေထုပ်ဖို့ အချိန်
တန်ပါပြီ။
အထုပ်လေးတွေမထုပ်ခင် ရေနွေးဆူဆူတည်ထားပါ။ ပေါင်းမယ့်အိုးခွက်ကို
အသင့်လုပ်ထားပါ။ ရှင်မင်းကတော့ ပေါက်စီ၊ ဒင်းမ်ဆန်းပေါင်းတဲ့ ၀ါးခွက်
လေးနဲ့ အဖုံးလေးကို သုံးပါတယ်။ ခွက်လေးထဲမှာ Kitchen foil သို့မဟုတ်
ငှက်ပျောဖက် ခင်းထားပေးပါ။
တဘက်က ရေနွေးသပ်သပ် တည်ထားပြီး၊ Rice sheet ကို မထုပ်ခင်
ရေနွေးထဲမှာ ၃စက္ကန့် ခန့် နှစ်လိုက်ပါ။ သန့်ပြန့် တဲ့ အခင်းတခုပေါ်
မှာ Rice sheet ကို ခင်းပြီး၊ အဆာ တွေကို အလည်တည့်တည့်တွင်
ပုံထည့်ပါ။ ဇွန်းကြီးတဇွန်းပမာဏ ခန့် ခပ်ထည့်ပါ။ လေးထောင့် ပုံစံ အ
ထုပ်လေးတွေဖြစ်အောင်ထုပ်ပါ။ အထုပ်လေးတွေရဲ့ ပါးတဲ့ မျက်နှာပြင်ကို
အပေါ်ဘက်ထားပြီး အိုးထဲမှာ ၆ မိနစ် ကနေ ၈မိနစ်ခန့် ပေါင်းပါ။ အထဲက
အဆာတွေ ကျက်သွားတဲ့အထိပေါင်းရမှာဖြစ်ပါတယ်။
အဆာတွေ ကျက်လောက်ပြီဆိုလျှင်၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ ဖြူးပြီး
အလှဆင်နိုင်ပါတယ်။ ပင်လယ်စာထုပ်ကို မိမိတို့ ကြိုက်နှစ်သက်ရာ
အချဉ်လေးနဲ့ တို့စားနိုင်ပါတယ်။
မှတ်ချက်။ အထုပ်လေးတွေကို မပေါင်းခင်မှာ တခုနဲ့ တခု နည်းနည်းစီခြား
ပြီးထည့်ရပါမယ်။ သို့ မှသာ ပေါင်းတဲ့အခါမှာ ပွလာပြီး တခုနဲ့ တခု မကပ်
မှာဖြစ်ပါတယ်။ ပေါင်းနေစဉ် နှမ်းဆီ အနည်းငယ်ကိုလဲ သုပ်ပေးနိုင်ပါတယ်။
23:49 | Labels: Thai food, ပင်လယ်စာထုပ် | 2 Comments
မြိတ်ကတ်ကြေးကိုက်
အောက်တိုဘာလ ၁၁ရက်နေ့က ကိုဇ တောင်းဆိုထားတဲ့ မြိတ်ကတ်ကြီးကိုက်လေး
တင်ပေးလိုက်ပါတယ်။ အဆာတွေ ပြည့်ပြည့်စုံစုံမရှိသေးတာရယ်၊ ရှင်မင်းမအားတာ
ရယ်နဲ့ အတော်လေးကြာမှ တင်ပေးနိုင်တာ ကို အားနာမိပါတယ်။
တောင်းပန်ပြီးသကာလ ၊အစားအစာတွေထဲမှာ မြိတ်ကတ်ကြေးကိုက် ဟာ ရှင်မင်း
အနှစ်သက်ဆုံး အစားအစာတမျိုးပါ။ ရန်ကုန် အိမ်တွင်းမှုကျောင်းနားက မြိတ်
မောင်တိတ်ဆိုင်ကို ငယ်ငယ်တည်းက ခဏခဏ သွားစားဖြစ်ပါတယ်။ ကတ်ကြေးကိုက်
နဲ့ အတော်ဆင်တဲ့ ညှပ်ခေါက်ဆွဲကြော်ကို မလေးရှား၊ စင်္ကာပူစတဲ့ နိုင်ငံများမှာလည်း
char kway teow အမည်နဲ့ စားတတ်ကြပါသေးတယ်။
ကက်ကြေးကိုက် ကြော်မယ်ဆိုရင် လိုအပ်တဲ့အရာတွေကတော့
ညှပ်ခေါက်ဆွဲ
ပဲငံပြာရည်အနောက် (ကြာညို့ )
ပအုန်းရည်
ပဲပြုတ်
ကြက်သွန်မြိတ်
ပဲတီပင်ပေါင်
ပုဇွန်
ပြည်ကြီးငါး
ကြက် (သို့ ) ၀က်အူချောင်း
ကြက်ဥ
အရောင်တင် ငရုတ်သီးမှုန့်
ဆား တို့ပါပဲ။
ပဲပြုတ်အစား green pea ကိုလဲ သုံးနိုင်ပါတယ်။ ပအုန်းရည်အစား
ရှာလကာရည် ကိုလဲအစားထိုးနိုင်ပါတယ်။ အသားကတော့ ပုဇွန်
မဟုတ်ဘဲ မိမိကြိုက်နှစ်သက်တဲ့ ကြက်သား၊ ၀က်သားတို့ကိုလဲ
ထည့်နိုင်ပါတယ်။
အရင်ဆုံး ညှပ်ခေါက်ဆွဲ ကို ပြုတ်ပါတယ်။ သိပ်မပျော့ခင် ခပ်မာ
မာ အချိန်လောက်မှာ အိုးကိုချလိုက်ပါ။ ကြော်တဲ့ အခါမှာ သိပ်
ပျော့သွားမှာစိုးလို့ဖြစ်ပါတယ်။ ရေစစ်ပြီး ညှပ်ခေါက်ဆွဲကို
ပဲငံပြာရည်အနောက် ၊ ဆားတို့နဲ့  နယ်ထားလိုက်ပါတယ်။
ဆီ အိုးတည်ပြီး ပဲတီပင်ပေါက်၊ ပုဇွန် ဆားအနည်းငယ်နယ်ထား
တာတို့ကို ရောကြော်ပါတယ်။ ပုဇွန်အနည်းငယ်ကွေးသွားတာနှင့်
အဆာတွေကိုသပ်သပ်ဖယ်ပြီး ညှပ်ခေါက်ဆွဲ ကို ငရုတ်သီးအရောင်
တင်မှုန့် ထည့်ကြော်ပါ။ ရေအနည်းငယ်ထည့်ပြီး ကြော်ပါ။ တဆက်
တည်းရှာလကာရည်အနည်းငယ်၊ ဆားအနည်းငယ် တို့ကို ထည့်ပါ။
ကြိုက်တတ်လျှင် ပုဇွန်ငါးပိအနည်းငယ်ထည့်နိုင်ပါ
ဆွဲ အနေတော်လောက်ဆိုလျှင် ၊ စောစောက ကြော်ထားတဲ့ ပဲတီပင်
ပေါက် နှင့် ပုဇွန်တို့ကိုပါ ထည့်ကြော်ပါ။ ကြက်ဥခေါက်ထားတာကိုပါ
ရောကြော်ပါ။ ပဲပြုတ်ထည့်ပါ။ နောက်ဆုံးအနေနှင့် ကြက်သွန်မြိတ်
၁၀ပင်လောက်ကိုလက်နှစ်ဆစ်ခန့် အရှည်လှီးထားတာကို ဖြူးလိုက်ပါ။
ကြက်အူချောင်း (သို့ ) ၀က်အူချောင်းကြော်ထားတာကို ကတ်ကြေးကိုက်
နှင့် တွဲဖက်သုံးဆောင်ပါက အလွန်လိုက်ဖက်လှပါတယ်။
13:23 | Labels: ညှပ်ခေါက်ဆွဲ, မြိတ်ကတ်ကြေးကိုက် | 5 Comments



