Showing posts with label နန်းကြီးသုပ်. Show all posts
Showing posts with label နန်းကြီးသုပ်. Show all posts

နန်းကြီးသုပ်

ဒီနေ့ တော့ အကြိုက်ဆုံးနံနက်စာတွေထဲက တမျိုးဖြစ်တဲ့ နန်းကြီးသုပ် လေး လုပ်စား
ဖြစ်ပါတယ်။ နန်းကြီးသုပ် နဲ့ နန်းပြားသုပ်ပုံခြင်း က ခပ်ဆင်ဆင်ပါပဲ၊ ခေါက်ဆွဲအပြား
နဲ့ နန်းကြီးအလုံး ကိုသုံးတာလောက်ပဲကွာပါတယ်။ နန်းကြီးဖတ်ကို မြန်မာပြည်မှာ အစို
ဖတ်ဝယ်နိုင်ပေမယ့်၊ ဒီဘက်နိုင်ငံတွေမှာတော့ တရုတ်ဆိုင်တွေမှာ ရောင်းတတ်တဲ့
အခြောက်ထုပ်ကို အစားထိုးအသုံးပြုနိုင်ပါတယ်။ Lai Fun လို့ခေါ်ပါတယ်။ အဲဒါရှာ ရခက်
ရင်တော့ Udon လို့ခေါ်တဲ့ ဂျပန်၊ ကိုးရီးယား ခေါက်ဆွဲတမျိုးကို အသုံးပြုနိုင်ပါတယ်။


နန်ကြီးသုပ်အတွက်လိုအပ်တာတွေကတော့


နန်းကြီးဖတ်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ကြက်သား
ကြက်ဥ (သို့) ဘဲဥ
ငရုပ်သီးအရောင်တင်မှုန့်
ငရုပ်သီးမှုန့်
နံနံပင်
ငံပြာရည်
ဆား
နနွင်း
ဆီ
အကြွတ်ကျော်
သံပုရာသီး တို့ပါပဲ။
အရင်ဆုံး ကြက်သား ကို အသားနဲ့ အရိုးသပ်သပ်စီ နွှင်ပြီး၊ အရိုးကိုတော့ ချင်း၊
ကြက်သွန်ဖြူ ဆား၊ ငရုပ်ကောင်းမှုန့် စသည်တို့ခပ်ပြီး ဟင်းရည် ချက်နိုင်ပါ
တယ်။ အသားကိုတော့ လက်တစ်ဆစ်ခန့် အတုံးလေးတွေတုံးပြီး ဆား၊ နနွင်း
တို့နဲ့ နယ်ထားပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းတာကို ဆီပူပူမှာ ဆီသတ်ပါတယ်။ အနံလေး
မွှေးလာရင် ကြက်သားထည့်ပါတယ်။ ကြက်သားလေးတွေဖြူလာရင် ငရုပ်သီး
အရောင်တင်မှုန့် လေးထည့်ပြီး၊ ရေစပ်စပ်လေးထည့်ရင်း ဆက်ချက်ပါတယ်။
ကြက်သားတွေ နူးအိလာတဲ့အထိ ချက်ရပါမယ်၊ ပေါ့နေလျှင် ငံပြာရည်အနည်းငယ်
ထည့်ချက်ပါ။ ကြက်သား ဆီကျန်ရေကျန်လေးဖြစ်နေလျှင် မြည်းပြီး ဟင်းအိုးချ
လို့ရပါပြီ။

နန်းကြီးသုပ်ဖို့ အတွက် အဆာတွေကတော့ ကြက်သွန်နီ ကိုပါးပါးလေး လှီးထား
ရပါတယ်။ နံနံပင်ကြိုက်တတ်လျှင် နံနံပင်လေးပါ ထည့်သုပ်နိုင်ပါတယ်။
ကြက်ဥ (သို့မဟုတ်) ဘဲဥ ကို ပြုတ်ပြီး ၊ မထူမပါးလေးတွေ လှီးထားရပါတယ်။
အကြွတ်ကြော် အတွက် ဆီပူပူမှာ နနွင်းအနည်းငယ် နဲ့ ဆန်ခေါက်ဆွဲခြောက်
အပြားကို အပိုင်းသေးသေးလေးတွေချိုးပြီး ကြော်ထားပါတယ်။

နန်းကြီးသုပ် ဖို့ အဆာတွေ အဆင်သင့်ပြင်ပြီးလျှင် တယောက်စာ နန်းကြီးဖတ်
ထဲသို့ အသား လိုသလောက်၊ ပဲမှုန့် ၂ ဇွန်း၊ ငံပြာရည် ၁ဇွန်း၊ သံပုရာသီး ၂ စိပ်၊
ငရုပ်သီးမှုန့် ၂ စွန်း၊ နံနံပင် နှင့် ကြက်ဥပြုတ် တို့ ထည့်ပြီးနယ်ပါ။ အပေါ့အငံ
မြည်းပြီး အနေတော်ဆိုလျှင် စားမည့်ပန်းကန်ထဲသို့ထည့်ပြီး အပေါ်က အကြွတ်
ကြော်ဖြူးလိုက်ပါ။ နန်းကြီးသုပ်စားရ ခြောက်နေလျှင်၊ ကြက်ရိုးပြုတ်ဟင်းခါး
လေးနှင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။