Showing posts with label တရုတ်ထမင်းကြော်. Show all posts
Showing posts with label တရုတ်ထမင်းကြော်. Show all posts
တရုတ်ထမင်းကြော်
တရုတ်ထမင်းကြော် လို့ အလွယ်တကူ ခေါင်းစဉ်တပ်လိုက်တာတော့
မဟုတ်ပါဘူး။ မြန်မာပြည်မှာ က ပဲပြုတ်ထမင်းကြော်၊ ကြက်ဥထမင်း
ကြော် စသည့် ထမင်းကြော်အမျိုးမျိုး ကွဲပြားနေတာကြောင့် တရုတ်
ပြည်ဘက်က ကြော်နည်း ဒါမှမဟုတ် လွှမ်းမိုးမှု ပါမယ့် ထမင်းကြော်
ဖြစ်လို့ တရုတ်ထမင်းကြော်လို့ခေါ်တာပါ။ တရုတ်ပြည် မှာ တကယ်
အဲလိုကြော်ချင်မှ ကြော်ပါမယ်။ အမျိုးထဲက ကြီးကြီးတယောက် ကြော်
ကြော်ပေးတတ်လို့ ထမင်းကြော်ထဲမှာ တော်တော်လေး ကြိုက်နှစ်
သက်မိပါတယ်။ အလုပ်လဲနည်းနည်းတော့ ရှုပ်ပါတယ်။
ထမင်းကြော် ကြော်မယ်ဆိုရင် ရေလေးနည်းနည်း လျော့ထည့်ပြီး
ထမင်းကိုချက်ပါတယ်။ ဒါမှ ကြော်တဲ့ အပူရှိန်နဲ့ ထမင်းက ပျော့ပြဲ
မသွားမှာဖြစ်ပါတယ်။
ထမင်းကြော်ကြော်တော့မယ်ဆိုရင်
ကြက်သား (သို့မဟုတ်) အသားတမျိုးမျိုး
ပြောင်းဖူး
သီဟိုဠ်စေ့
ပဲသီး
မုန်လာဥနီ (ခါကြက်ဥ)
စပျစ်သီးခြောက်
ဂေါ်ရခါးသီး
ကြက်သွန်မြိတ် စတာတွေလိုအပ်ပါတယ်။
ရှင်မင်းမှာအသင့်ရှိ နေတဲ့အသီးအနှံတွေ သုံးတာမို့၊ အဆင်ပြေသလို
မိမိတို့ မှာရှိတဲ့ ပန်းဂေါ်ဖီ၊ ငရုပ်သီးပွ၊ ဂေါ်ဖီ၊ မှို နှင့် ပြောင်းဖူးငယ်လေး
များစသဖြင့် မိမိလိုသလိုထည့်နိုင်ပါတယ်။
အရင်ဆုံး စပျစ်သီးခြောက်ကို ရေအနည်းငယ်နဲ့ ခဏ စိမ်ထားပါတယ်။
သီဟိုဠ်စေ့ ကိုတော့ သုံးခြမ်းလောက် ခွဲပြီး၊ မီးအေးအေးမှာ ဆီနဲ့ လိမ့်
ပေးပါတယ်။ အချိန်တိုတိုအတွင်းမှာပဲ တူးသွားတတ်တာကြောင့် မီးအရှိန်
လျှော့ပြီး ရွှေဝါရောင် သန်းလာတာနဲ့ အိုးပေါ်ကနေ အမြန်ဆယ်ထုတ်ပစ်
ရပါမယ်။
ထမင်း စ ကြော်မယ်ဆိုလျှင် ဆီပူပူမှာ ဆား၊ အချိုမှုန့် (သို့မဟုတ်) ကြက်သား
မှုန့် နယ်ထားတဲ့အသားကို ကြော်ပါ။ အသားအနည်းငယ်ကျက်ပြီဆိုလျှင်
ဖယ်ထားပါ။ ကျန်တဲ့ဆီနဲ့ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာ ထည့်ပါ။ အနံ့
မွှေးလာလျှင် မုန်လာဥနီ၊ ပဲသီး နှင့် ဂေါ်ရခါးသီး ကဲ့သို့ မာတဲ့အသီးအနှံ များ
ကိုထည့်ကြော်ပါ။ ပြီးလျှင် ပြောင်းဖူး၊ ကြက်သွန်မြိတ် စတဲ့အကျက်မြန်တဲ့
အသီးအနှံများကို နောက်မှထည့်ပါ။ ပြီးလျှင် ဖယ်ထားသောအသားပါ
ထည့်ကြော်ပါ။ ဟင်းသီးဟင်းရွက် များနှင့် ထမင်း ဖွထားတာကို ရောကြော်ပါ။
မီးအရှိန်အနည်းငယ်မြှင့်ပြီး စပျစ်သီးခြောက်များကို ဆယ်ထည့်ပါ။ ပဲငံပြာရည်
ဆားအနည်းငယ်စီထည့်ပါ။ ဒယ်အိုး ကို ကစားပေးပြီး၊ မွှေလျှင်လဲ အသာအယာ
မွှေပါ။ သကြားအနည်းငယ်၊ ငရုပ်ကောင်းအနည်းငယ်ထည့်ပါ။ အနံ့တော်တော်
မွှေးလာလျှင် အပေါ့အငံမြည်းပြီးချနိုင်ပါပြီ။ နောက်ဆုံးမှာတော့ စောစောက
ဆီနှင့် လှော်ထားသော သီဟိုဠ်စေ့များ ဖြူးလိုက်ပါ။
အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမင်းကြော်ပူပူလေး အသင့်သုံးဆောင်နိုင်ပါပြီနော်။
20:39 | Labels: တရုတ်ထမင်းကြော်, ထမင်း, ထမင်းကြော် | 2 Comments
Subscribe to:
Posts (Atom)

