Showing posts with label ငါးဆန်ပြုတ်. Show all posts
Showing posts with label ငါးဆန်ပြုတ်. Show all posts

ငါးဆန်ပြုတ်

တလောက အဖျားပျောက်ခါစမို့ ဘာမှမစားချင်ဖြစ်နေတုန်း ငါးဆန်ပြုတ်လေး
ပြုတ်သောက်ဖြစ်ပါတယ်။ အရင်ဆုံးထမင်းကို စားနေကျထက် ပျော့ပျော့ချက်
ပါတယ်။ ဆန်ပြုတ်ပြုတ်မယ့်အိုး ကို ရေထည့်ပြီး ပြုတ်ပါတယ်။ ရေပွက်ပွက်
ဆူလျှင် ထမင်းထည့်ပါ။ ဆား အနည်းငယ်ခပ်ပါ။ ဆန်လုံးလေးတွေပျောက်
သွားတဲ့အထိ ပြုတ်ပေးရပါမယ်။ ကြိုက်တတ်လျှင် Knorr အမှုန့် ဒါမှမဟုတ်
အချိုမှုန့်  ခပ်ပါ။

ငါးဆန်ပြုတ်တွင်ပါဝင်သောအရာများမှာ

ငါးအရိုးနွှင်ပြီး
ကြက်သွန်ဖြူ
ဂျင်း
ထမင်း
ကြက်သွန်မြိတ်
ငရုတ်ကောင်းမှုန့်
ပဲငံပြာရည်
ဆား
အီကြာကွေး

ငါးကို အသားချည်းသက်သက်၊ ပဲငံပြာရည်၊ ဆား၊ ဂျင်းရည်၊ ကြက်သွန်ဖြူရည်
တို့နှင့်နယ်ထားပါ။ ဆန်ပြုတ်စားမယ့်ခွက်ထဲသို့ ငါးအနည်းငယ်ထည့်ပါ။ အပေါ်
ကနေ ဆန်ပြုတ်ကိုလောင်းချလိုက်ပါ။ ပြီးလျှင် ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ်၊
 ငရုပ်ကောင်းမှုန့် တို့ ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။

အီကြာကွေးအဆင်သင့်ရှိလျှင်လည်း အီကြာကွေးအနည်းငယ်ညှပ်ပြီး တွဲဖက်စား
သုံးနိုင်ပါတယ်။