Showing posts with label ငါးပေါင်း. Show all posts
Showing posts with label ငါးပေါင်း. Show all posts

ငါးပေါင်း

ငါးပေါင်း

ဆီမပါတာမို့ ကျန်းမာရေးနဲညီညွတ်ပြီး ၊ စားလို့လဲကောင်း ၊ လွယ်လဲ လွယ်ကူပါတယ်။
ကြက်သားစွတ်ပြုတ်ချည်း စားနေရတဲ့ ဖျားနာနေတဲ့သူအတွက်လည်း သင့်တော်တဲ့ ဟင်းလေးတခွက်ပါ။
ငါးကိုအရိုးများလို့မစားချင်ပါဘူးဆိုတဲ့သူတွေလည်း မကြောက်နဲ့နော်၊ အသားချည်းသက်သက်ပေါင်းမှာမို့
အရိုးစူးမှာကိုပူမနေရတော့ဘူး ..

လိုအပ်မည့်အရာများကတော့
ငါးအသားချည်းသက်သက် (Cod Fish) ဆိုပြီးဝယ်လို့ရပါတယ်။
ပဲငံပြာရည်အကြည်
ဆား
သကြား
ဂျင်း၊ ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
တရုတ်နံနံပင်
ဆီ(ဆီပါမှ ပြည့်စုံတယ်ထင်ရင် တီးစပွန်း ၂ ဇွန်းစာလောက်ထည့်နိုင်ပါတယ်)
ပေါင်းရန်(ဇကာ) ဒါမှမဟုတ် Steamer

ရှင်မင်းဆီမှာပေါက်စီတို့ဘာတို့ပေါင်းတဲ့ဇကာလေးရှိပါတယ်၊ အဲဒါလေးထဲမှာပဲ ခွက်ထည့်ပြီးပေါင်း
ပါတယ်။ ပေါင်းမယ့်အိုးကို ရေထည့်ပြီး အသင့် ရေဆူအောင်တည်ထားပါ။
အရင်ဆုံးငါးကိုသင့်တော်သလောက်အတုံးတုံးပြီး ဆားနဲ့နယ်ပါ။
ခဏကြာကြာနယ်ပြီးရင် ဆားတွေကိုရေဆေးချလိုက်ပါ။ ပြီးရင်ရေစစ်ပြီးအသာဖယ်ထားပါ။
ဂျင်းလက် ၂ ဆစ်လောက်ကိုအချပ်လိုက်လှီးပါ။
ကြက်သွန်ဖြူကိုတော့ မီးခြစ်ဆံချောင်းလေးတွေအရွယ် လှီးထားပါနော်။
ပေါင်းမယ် (ဇောက်နက်တဲ့) ပန်းကန်ထဲ စောစောက လှီးထားတဲ့ထဲက တ၀က်လောက် ဂျင်းကြက်သွန်ဖြူ တို့ကိုခင်းပြီး
ငါးထည့်ပါ အပေါ် ကလည်းကျန်တဲ့တ၀က်ကိုထပ်ထည့်ပါ။
ရေဆူတာနဲ့ အဲဒီဇကာလေးကိုအိုးပေါ်တင်ထားပါ။ (ပေါင်းတဲ့အချိန်က ၁၅ မိနစ်ထက်ပိုမကြာတတ်ပါဘူး)
ငါးပေါင်းနေစဉ်မှာပဲ ပဲငံပြာရည်အကြည်ကိုရေနွေးနည်းနည်း သကြား တီးစပွန်းနဲ့ တဇွန်းလောက်ထည့်ပြီး
သကြားအရည်ပျော်သွားအောင် ဖျော်ပါ။
ကြက်သွန်မြိတ်ကို အမျှင်လေးတွေဖြစ်အောင်လှီးပြီးလက်၂ဆစ်လောက်ဖြတ်ပါ။
တရုတ်နံနံကိုလဲ ကြက်သွန်မြိတ်လောက်အတိုင်းအတာကို လှီးပါ။
ရေနွေးဆူပြီးငါးပေါင်းနေစဉ်ငါးအသားတွေဖြူလာပြီး တဖြည်းဖြည်းကျက်လာပါလိမ့်မယ်။
ငါးအမျိုးအစားပေါ်မူတည်ပြီး ပေါင်းတဲ့အချိန်ကြာလိမ့်မယ်ထင်ပါတယ်။
၁၅မိနစ်လောက်ကြာတာနဲ့ မီးမပိတ်ခင်လေး စောစောက ပဲငံပြာရည်နဲ့သကြားအရည်ကိုလောင်းချပါ။
ကြက်သွန်မြိတ်နဲ့ တရုတ်နံနံပင်တို့ကိုအုပ်ပါ။
ဆီ တီးစပွန်း ၂ ဇွန်းလောက်ကို ဒယ်အိုးပူပူမှာ အမြန်မီးပေးပြီး အငွေ့တက်လာတာနဲ့
ငါးပေါင်းပေါ်ကို လောင်းချလိုက်ပါ။
ဒါဆိုရင် အရသာရှိပြီး၊ အဆီလည်းနည်းတဲ့ ကျန်းမာရေးညီညွတ်တဲ့ ငါးပေါင်းဟင်းရပါပြီရှင်။
်အချိုအရသာရှိတာမို့ ချဉ်ချဉ်စပ်စပ်ဟင်းအမယ်များနဲ့ စားသုံးရင်လိုက်ဖက်ပါတယ်။