Showing posts with label ၀က်သားဟင်း. Show all posts
Showing posts with label ၀က်သားဟင်း. Show all posts

ဝက်သားဟင်း

ဝက်သားဟင်း

တနေ့က၀က်သားဟင်းအမြန်ချက်ဖို့ သူငယ်ချင်းပို့ထားတဲ့ ဦးကြီးပု စာအုပ်လေးကို
လှန်လှောကြည့်မိပါတယ်။ ဦးကြီးပု ဟင်းချက်နည်းလေးတွေက ထိထိမိမိနဲ့ လွယ်ကူ
လို့မကြာခဏကြည့်ဖြစ်ပါတယ်။

ဝက်သားကိုသိပ်မချက်တတ်တဲ့ ရှင်မင်းအတွက်တော့ အရမ်းကိုလွယ်ကူတဲ့နည်းလေးပါ။
လိုအပ်တဲ့ အ၇ာများကတော့
ကြက်သွန်ဖြူ
ဂျင်း
ဝက်သား
သကြား
ှဆီ
ပဲငံပြာရည်
ရှာလကာရည်
ငံပြာရည် တို့ပဲဖြစ်ပါတယ်။

အရင်ဆုံးဂျင်းလက်တဆစ်လောက်နဲ့ကြက်သွန်ဖြူသုံးဥလောက်ကိုထောင်းပါတယ်။
ဝက်သားကိုတော့ ငံပြာရည်၊ ဆား၊ ပဲငံပြာရည်အကြည် ၊ ရှာလကာရည်တို့နဲ့ခပ်
ပြင်းပြင်းလေးနယ်ထားပါတယ်။ ၀က်သားတုံးကိုတော့ မိမိတို့စားချင်သလောက်အရွယ်
်သင့်တော်သလိုတုံးနိုင်ပါတယ်။ ချက်မယ့် အိုးထဲမှာ ဆီ ထည့်ပြီး၊ ဆီပူလာတာနဲ့
သကြား ၁ဇွန်း ခွဲလောက်ထည့်ပါ။ (တီးစပွန်းနဲ့ဖြစ်ပါတယ်။) သကြားတွေပျော်ပြီး
အညိုရောင်သန်းလာရင် ၀က်သားနယ်ထားတာကိုထည့်ပါတယ်။ တဆက်တည်း
ကြက်သွန်ဖြူ၊ ဂျင်းထောင်းထားတာထည့်ပြီး။ ရေစပ်စပ်ကလေးထည့်ပြီး အဖုံးဖုံး
ထားနိုင်ပါ။ ရေနည်းနည်းခမ်းလာရင် ထပ်ထည့်ပြီး မီးအေးအေးလေးနဲ့ဝက်သား
နူးတဲ့အထိတည်ထားပါ။ အပေါ့အငံမြည်းပြီး ၀က်သားနူးလောက်ရင် အရသာ
ရှိပြီးလွယ်ကူတဲ့ဝက်သားဟင်းတခွက်ရပါပြီရှင်။


ဝက်သားနဲ့မျှစ်ချဉ်

ဝက်သားနဲ့မျှစ်ချဉ်



ပါဝင်သော အရာများ

မျှစ်ချဉ်

ဝက်သား

ကြက်သွန်နီ ၂ (ဥ)

ကြက်သွန်ဖြူ ၁ (ဥ)

ဆီ

ငါးပိ

ဆား

ဆနွင်း

ငံပြာရည်



ဒါတွေအဆင်သင့်ဖြစ်ရင် စချက်လို့ရပါပြီ။ အရင်ဆုံး ၀က်သားကိုအနေတော် တုံးပြီး ဆား၊ ဆနွင်း နဲ့

ငံပြာရည် နယ်ထားပါတယ်။ ကြက်သွန်နီ နှစ်ဥပါးပါးလှီး ထားပါမယ်။ ကြက်သွန်ဖြူ တဥ ကိုထောင်း

ထားတာကို ဆီသပ်ပါမယ်။ ချက်မယ့် အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ထည့်လိုက်ပါမယ်။ ရွှေဝါရောင် ဖြစ်ပြီး အနံ့မွှေးလာရင် ငါးပိကွမ်းသီးလုံးလောက် ထည့်ပါမယ်။

ပြီးလျှင်ဝက်သားထည့်ပါတယ်။ အသားထဲက အရည်တွေခမ်းလာရင် အနံ့မွှေးလာရင် မျှစ်ချဉ်

ထည့်ထားတဲ့ အိုးထဲထည့်လိုက်ပါတယ်။ ပြီးတော့ ရေထည့် မီးနည်းနည်းလျော့ပြီး နှပ်ထားရပါမယ်။

ဝက်သားနူးရင် မျှစ်ချဉ် ဟင်းကျက်ပါပြီ။ ဟင်းနည်းနည်းမြည်းကြည့်ပြီး ပေါ့နေရင် ငံပြာရည်ထည့်ပြီး

ဟင်းအိုးချလို့ရပါပြီ။ ၀က်သား နဲ့ မျှစ်ချဉ် ကို ငါးကျီးခြောက်ကြော်၊ ငံပြာရည်ချက်၊ ငါးပိထောင်း

စသည်တို့နဲ့ တွဲဖက်သုံးဆောင်ပါက ထမင်းမြိန်လှပါတယ်။