ဝက်သားဟင်း

ဝက်သားဟင်း

တနေ့က၀က်သားဟင်းအမြန်ချက်ဖို့ သူငယ်ချင်းပို့ထားတဲ့ ဦးကြီးပု စာအုပ်လေးကို
လှန်လှောကြည့်မိပါတယ်။ ဦးကြီးပု ဟင်းချက်နည်းလေးတွေက ထိထိမိမိနဲ့ လွယ်ကူ
လို့မကြာခဏကြည့်ဖြစ်ပါတယ်။

ဝက်သားကိုသိပ်မချက်တတ်တဲ့ ရှင်မင်းအတွက်တော့ အရမ်းကိုလွယ်ကူတဲ့နည်းလေးပါ။
လိုအပ်တဲ့ အ၇ာများကတော့
ကြက်သွန်ဖြူ
ဂျင်း
ဝက်သား
သကြား
ှဆီ
ပဲငံပြာရည်
ရှာလကာရည်
ငံပြာရည် တို့ပဲဖြစ်ပါတယ်။

အရင်ဆုံးဂျင်းလက်တဆစ်လောက်နဲ့ကြက်သွန်ဖြူသုံးဥလောက်ကိုထောင်းပါတယ်။
ဝက်သားကိုတော့ ငံပြာရည်၊ ဆား၊ ပဲငံပြာရည်အကြည် ၊ ရှာလကာရည်တို့နဲ့ခပ်
ပြင်းပြင်းလေးနယ်ထားပါတယ်။ ၀က်သားတုံးကိုတော့ မိမိတို့စားချင်သလောက်အရွယ်
်သင့်တော်သလိုတုံးနိုင်ပါတယ်။ ချက်မယ့် အိုးထဲမှာ ဆီ ထည့်ပြီး၊ ဆီပူလာတာနဲ့
သကြား ၁ဇွန်း ခွဲလောက်ထည့်ပါ။ (တီးစပွန်းနဲ့ဖြစ်ပါတယ်။) သကြားတွေပျော်ပြီး
အညိုရောင်သန်းလာရင် ၀က်သားနယ်ထားတာကိုထည့်ပါတယ်။ တဆက်တည်း
ကြက်သွန်ဖြူ၊ ဂျင်းထောင်းထားတာထည့်ပြီး။ ရေစပ်စပ်ကလေးထည့်ပြီး အဖုံးဖုံး
ထားနိုင်ပါ။ ရေနည်းနည်းခမ်းလာရင် ထပ်ထည့်ပြီး မီးအေးအေးလေးနဲ့ဝက်သား
နူးတဲ့အထိတည်ထားပါ။ အပေါ့အငံမြည်းပြီး ၀က်သားနူးလောက်ရင် အရသာ
ရှိပြီးလွယ်ကူတဲ့ဝက်သားဟင်းတခွက်ရပါပြီရှင်။


2 comments:

ကလိုစေးထူး said...

ဗိုက်ဆာတာနဲ့ ဒီထဲမှာ ၀က်သားဟင်း ရှိမှန်းသိလို့ လာစားတယ်။ အရေးထဲ စီဘောက်စ်ထဲမှာ ငတ်ကြီးကျနေတဲ့လူက ရှိသေးတယ်။ :P

Fu said...

မရှင်မင်းရဲ့ ဝက်သားဟင်းအချိုချက်ကို ချက်စားတာ စားလို့ အရမ်းကောင်းလို့ ကျေးဇူးတင်ပါတယ်..