Showing posts with label ပဲကြီးနှပ်. Show all posts
Showing posts with label ပဲကြီးနှပ်. Show all posts

ပဲကြီးနှပ်



တပတ်တခါ ဆိုသလို သက်သတ်လွတ်စားတတ်တဲ့သူများအတွက် အလွယ်တကူ
လဲဖြစ် ၊ မြန်လဲမြန်တဲ့ ပဲကြီးနှပ်နည်းလေးက အဆင်ပြေလှပါတယ်။
ရှင်မင်းကတော့ စူပါမားကက်တွေမှာ ၀ယ်နိုင်တဲ့ Butter Beans ဘူးကိုပဲ ၀ယ်ပြီး
နှပ်ဖြစ်ပါတယ်။

လိုအပ်တာတွေကတော့

* ဆီ
* ဆား
* Butter Beans
* ကြက်သွန်နီ
* နနွင်း တို့ပါပဲ။

အရင်ဆုံး ပဲကြီးဗူးကိုဖောက်ပြီး ရေနွေးစိမ်ထားပါတယ်။ ရေနွေး ခဏ စိမ်ပြီးရင်
အခွံလေးတွေ ခွာလို့ ပိုလွယ်ပါတယ်။ ကြက်သွန်နီ တလုံးကို မထူမပါး လှီးပြီး၊
ဆီ ပူပူမှာ ကြက်သွန်နီ ကို နနွင်းလေးနည်းနည်းထည့်ပြီး ရွှေဝါရောင်သန်းလာ
တဲ့အထိ ကြော်ပါတယ်။ ကျက်သွားတဲ့ ကြက်သွန်နီတွေကို ဖယ်ထားရပါမယ်။
ကျန်တဲ့ဆီအနည်းငယ်နဲ့ ပဲကို ကြော်ပါ ၊ ကြေကုန်မှာစိုးရင် မမွှေဘဲ ဒယ်အိုးကို
သာမကြာခဏ လှုပ်ပေးရင်းပဲတွေ နှပ်တဲ့ အထိကြော်ပါ။ ပဲတွေက ပြုတ်ပြီးသား
မို့ အကြာကြီးစောင့်စရာမလိုပါဘူး။ အပေါ့အငံ အနေတော်လောက်ဆိုရင်
ချပြီး ၊ ခွက်တခွက်ထဲမှာ ထည့်ပြီး အပေါ်က ကြက်သွန်နီကြော်တွေကိုဖြူးပါ။

ကြက်သွန်ကြော်နံ့ မွှေးမွှေးလေးနဲ့  စားကောင်းတဲ့ ပဲကြီးနှပ် တခွက်ရပါပြီရှင်။