ပဲကြီးနှပ်



တပတ်တခါ ဆိုသလို သက်သတ်လွတ်စားတတ်တဲ့သူများအတွက် အလွယ်တကူ
လဲဖြစ် ၊ မြန်လဲမြန်တဲ့ ပဲကြီးနှပ်နည်းလေးက အဆင်ပြေလှပါတယ်။
ရှင်မင်းကတော့ စူပါမားကက်တွေမှာ ၀ယ်နိုင်တဲ့ Butter Beans ဘူးကိုပဲ ၀ယ်ပြီး
နှပ်ဖြစ်ပါတယ်။

လိုအပ်တာတွေကတော့

* ဆီ
* ဆား
* Butter Beans
* ကြက်သွန်နီ
* နနွင်း တို့ပါပဲ။

အရင်ဆုံး ပဲကြီးဗူးကိုဖောက်ပြီး ရေနွေးစိမ်ထားပါတယ်။ ရေနွေး ခဏ စိမ်ပြီးရင်
အခွံလေးတွေ ခွာလို့ ပိုလွယ်ပါတယ်။ ကြက်သွန်နီ တလုံးကို မထူမပါး လှီးပြီး၊
ဆီ ပူပူမှာ ကြက်သွန်နီ ကို နနွင်းလေးနည်းနည်းထည့်ပြီး ရွှေဝါရောင်သန်းလာ
တဲ့အထိ ကြော်ပါတယ်။ ကျက်သွားတဲ့ ကြက်သွန်နီတွေကို ဖယ်ထားရပါမယ်။
ကျန်တဲ့ဆီအနည်းငယ်နဲ့ ပဲကို ကြော်ပါ ၊ ကြေကုန်မှာစိုးရင် မမွှေဘဲ ဒယ်အိုးကို
သာမကြာခဏ လှုပ်ပေးရင်းပဲတွေ နှပ်တဲ့ အထိကြော်ပါ။ ပဲတွေက ပြုတ်ပြီးသား
မို့ အကြာကြီးစောင့်စရာမလိုပါဘူး။ အပေါ့အငံ အနေတော်လောက်ဆိုရင်
ချပြီး ၊ ခွက်တခွက်ထဲမှာ ထည့်ပြီး အပေါ်က ကြက်သွန်နီကြော်တွေကိုဖြူးပါ။

ကြက်သွန်ကြော်နံ့ မွှေးမွှေးလေးနဲ့  စားကောင်းတဲ့ ပဲကြီးနှပ် တခွက်ရပါပြီရှင်။

4 comments:

. said...

ရှင်မင်း-Butter Beans ဆိုတာလဲ မတွေ့မိပြန်ဘူး။ တကယ်လို့ တွေ့ခဲ့ရင် ရန်ကုန်မှာ ပဲကြီးနဲ့ဆူးပုပ် ဟင်းချို ချက်သလိုလေး ချက်စားလို့ရရင် သိပ်ကောင်းမယ်နော်။ ရလားဟင်။ ရှလွတ်..။ :-)

Shinmin said...

Butterbean - (aka Haba bean, calico bean, Pallar bean, Burma bean, Guffin bean, Fordhook bean, Hibbert bean, Java bean, Sieva bean, Rangood bean, Madagascar bean, Paiga, Paigya, prolific bean, civet bean and sugar bean) - basically, a type of lima bean; beige in color, creamy, and somewhat, well, buttery in taste; larger than green limas
အခေါ်အဝေါ်မတူတာပါ မရေ၊ ရှိတော့ရှိတယ် မတိုဆီမှာ။
http://www.ochef.com/52.htm မှာ ဖတ်ကြည့်ပါဦးနော်မ။

Shinmin said...

ပဲကြီး ဟင်းချိုချက်စားတာကို မပြောမှ ပဲ ပြန်သတိရတယ်။
မစားရတာ ကြာတော့ မေ့တောင်နေတယ် :(
အဲဒီဟင်းချို သောက်ချင်တယ်။
ဆူးပုပ်ရွက်တော့ မရလောက်ဘူး ဟီးဟီး။
ဆူးပုတ်ကို ကြက်ဥနဲ့ ကြော်စားချင်တယ်....

ThuHninSee said...

ပဲကြီးစားချင်တယ်ဗျို။
စကားမစပ်.. ဘလော့ပြန် ပြင်ထားတာ မိုက်တယ်။
အရင်ကလှတစ်မျိုးလှပါတယ်။