ကြက်သားငါးပိချက်


ကြက်သားဟင်းတွေချည်းစားရတာ ရိုးလာရင် ကြက်သားငါးပိချက်ဟင်းလေးက
ချက်ရ အဆင်ပြေလွယ်ကူပြီး၊ ထမင်းလဲမြိန်လှပါတယ်။

ဟင်းကျန် ကြက်ကြော်၊ ကြက်သားဟင်း တွေကိုလဲ ဆက်မစားချင်ရင် ငါးပိချက်
လိုချက်ထားပြီး သိမ်းထားနိုင်ပါတယ်။


ကြက်သားငါးပိချက် ချက်မယ်ဆိုရင် လိုအပ်မှာတွေကတော့
ကြက်သား
ခရမ်းချဉ်သီး
ငါးပိ
ငရုပ်သီးအရောင်တင်မှုန့်
ဆီ
ဆား
မကျည်းရည်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း တို့ပါပဲ။


အရင်ဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို တခါတည်း ဆီသပ်ဖို့
ထောင်းထားပါ။ ခရမ်းချဉ်သီးကိုလဲ လှီးထားပါ။
ကြက်သားကိုတော့ ငံပြာရည်လေးနဲ့ ပြုတ်ထားပါ။
အသားကျက်ပြီဆိုလျှင် အအေးခံပြီး အရိုး နှင့် အသားကိုနွင်ပါ။

ဆီအိုးတည်ထားပြီး၊ ဆီကျက်လာပြီဆိုလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊
နီကို ဆီသပ်ပါ။ နနွင်း အနည်းငယ်ထည့်ပါ။ အနံ့မွှေးပြီး ရွှေဝါရောင် သန်းလာ
လျှင် ခရမ်းချဉ်သီးလှီးထားတာကိုထည့်ပါ၊ တဆက်တည်း အရောင်တင်မှုန့်
ကိုပါထည့်ရင်းဆီသပ်ပါ။ ခရမ်းချဉ်သီးတွေလိပ်ပြီး၊ ကြေလာရင် ကြက်သား
ပြုတ် နွှင်ထားတာကိုထည့်ပါ။ ငံပြာရည် အနည်းငယ် နဲ့ ငါးပိဖျော်ထားတာကို
ထည့်မွှေပါ။ ရေအနည်းငယ်ထည့်ပြီး မိမိကြိုက်သလောက် အနှစ်အနေတော်
ရလျှင် မီးပိတ်ပြီး ၊ ငရုပ်သီးစိမ်းတွေကို တစောင်းလေးတွေ လှီးထည့်နိုင်ပါတယ်။

2 comments:

. said...

ချက်ပြီးပြီးချင်း လာစားတယ်ဗျို့။ ငါးပိပါရင် summer မှာပဲ ချက်ရတာ အဆင်ပြေတယ်။:-)။

Shinmin said...

ဟုတ်တယ် မ၊ ခုလိုချိန်လေးပဲ တံခါးဖွင့်ချက်နိုင်တာ။ :D