Showing posts with label အာပြဲခြောက်ဟင်း. Show all posts
Showing posts with label အာပြဲခြောက်ဟင်း. Show all posts
အာပြဲခြောက်ဟင်း
အိမ်မှာ ဟင်းမရှိလို့ ဘာချက်ရမှန်းမသိဖြစ်တိုင်း၊ ငါးခြောက်လို အခြောက်အခြမ်းလေး
တွေ ဆောင်ထားတာ အဆင်ပြေလှပါတယ်။ ရှင်မင်းဆီမှာတော့ အာပြဲခြောက် အနည်း
ငယ်ရှိနေတာမို့ တလောက ချက်စားဖြစ်ပါတယ်။ တချို့  အာပြဲခြောက်တွေကဆားငံတတ်
ပါတယ်၊ တချို့ ကတော့ အချိုပါ ဆားသိပ်မပါ ပါဘူး။ အာပြဲခြောက်ကို မချက်ခင် မိနစ် ၂၀
ကနေ ၃၀ ရေစိမ်လိုက်ပါတယ်။ ဆားအရမ်းငံတဲ့ အာပြဲခြောက်ဆိုရင် နည်းနည်းကြာ
ကြာလေးစိမ်ပေးနိုင်ပါတယ်။
အာပြဲခြောက်ဟင်းချက်တော့မယ်ဆိုလျှင် လိုအပ်တဲ့ အရာများကတော့
အာပြဲခြောက်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုတ်သီးအရောင်တင်မှုန့်
ဆား သို့မဟုတ် ငံပြာရည် (အပေါ့အငံမြည်းပြီးမှထည့်ပါတယ်။)
ငရုတ်သီးစိမ်း
နနွင်း
နံနံပင်
ခရမ်းချဉ်သီး တို့ပါပဲ။
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး တို့ကို သေးသေးလေးတွေလှီးထားပါတယ်။
အချိန်ရရင်တော့ ကြက်သွန်နီ ကို ထောင်းတာ ဒါမှမဟုတ် ကြိတ်တာ ပြုလုပ်နိုင်ပါတယ်။
ဆီ တည်ထားတဲ့ ဒယ်အိုးမှာ နနွင်းအနည်းငယ်ထည့်ပြီး ၊ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ
တို့ကို ဆီသပ်ပါတယ်။ ရွှေဝါရောင်သန်းပြီး အနံ့မွှေးလာတဲ့အထိ ကြော်ပါတယ်။
အနံ့ မွှေးလာလျှင် ခရမ်းချဉ်သီးထည့်ပါတယ်၊ အရောင်တင်မှုန့် ပါထည့် ဆီသပ်ပါတယ်။
ခရမ်းချဉ်သီးဖတ်လေးများ နွမ်းလာပြီး ၊ လိပ်လာတာနဲ့ ရေစစ်ထားတဲ့ အာပြဲခြောက်ကို
ထည့်ပါ။ အာပြဲခြောက်ကို မိမိလိုသလို အရွယ်ညှပ်ထည့်နိုင်ပါတယ်။ ရှင်မင်းကတော့
၂လက်မ သာသာလေးတွေ ညှပ်ထားပါတယ်။ အာပြဲခြောက် နူးလာတဲ့အထိ ရေအနည်း
ငယ်ထည့်ထည့်ပြီးချက်ပေးပါတယ်။
နူးလာလျှင် အသင့်ပြင်ထားတဲ့ ငရုတ်သီးစိမ်း သုံးတောင့် လောက်နဲ့၊ နံနံပင်အနည်းငယ်
အုပ်လိုက်ပါတယ်။ ရှင်မင်းကတော့ နံနံပင်မရှိလို့မအုပ်လိုက်ရပါဘူး။ ဟင်းအိုးမချမှီ အပေါ့
အငံမြည်းပြီး၊ ဆား ဒါမှမဟုတ် ငံပြာရည် လိုသလိုထည့်ပါ။ထမင်းပူပူနွေးနွေးလေးနဲ့ အာပြဲခြောက်ဟင်းလေးနဲ့တင် ထမင်းတနပ်ပြည့်စုံသွားသလိုပါပဲ။
02:28 | Labels: အာပြဲခြောက်ဟင်း | 3 Comments
Subscribe to:
Posts (Atom)

