အုန်းနို့ သာကူ



သင်္ကြန်အတွက် သူငယ်ချင်းတွေမုန့်စုစားဖြစ်ကြတယ်။
တယောက် တမျိုးစီချက်ကြရင်း ရှင်မင်းကတော့ အုန်းနို့သာကူ တာဝန်ယူရပါတယ်
ကန်စွန်းဥလေးပါရင် ပိုဆိမ့်တာမို့ ကြိုက်တတ်မယ်ဆိုရင် ကန်စွန်းဥလေး ကိုရေဆေးပြီး သေချာပြုတ်ထားလိုက်ပါနော်။
ကန်စွန်းဥလေးတွေရပြီဆိုရင် အခွံနွှာပြီး၊ သင့်တော်မယ်ထင်တဲ့ အရွယ်အစားလေးတွေဖြစ်အောင်တုံးရပါမယ်။
ရှင်မင်းကတော့ လက်တစ်ဆစ်အရွယ်အတုံးလေးတွေတုံးဖြစ်ပါတယ်။
သိပ်ပျော့ပျော့ဖြစ်မသွားအောင်ပြုတ်ပါ၊ ဘာလို့လဲဆိုတော့ သာကူ တည်ရင် ကန်စွန်းဥတွေပျော်သွာ ကြေသွားတတ်လို့ပါ။
သာကူမတည်ခင် သကြားအရည်ကြိုထားပါ။ ရေနွေးစတည်ထားပြီး သကြားရည် ပါလောင်းထည့်ပြီးတည်ပါ။
ပြီးတာနဲ့ အုန်းနို့၁ဘူး ဖောက်ထည့်ပါ။ ယိုးဒယား ထုတ်တဲ့ အုန်းနို တဘူးဆို သာကူ တစ်ထုပ်စာအတွက် အဆင်ပြေပါတယ်။
မွှေပြီး ပွက်လာရင် ကန်စွန်းဥ တွေထည့်ပါတယ်။
တဆက်တည်း မီးအရှိန်နည်းနည်းလျော့ ထားပြီး သာကူထည့်လိုက်ပါ။
သာကူအစေ့လေးတွေထဲက အဖြူရောင်အဆံလေးပျောက်သွားတဲ့ အထိ ရေနည်းနည်ထည့်မွှေနေရပါမယ်။
ကပ်မသွားအောင်လဲ ဂရုစိုက်ရပါမယ်။
စိတ်ရှည်ရှည်ထားပြီး သာကူစေ့လေးတွေကြည်လာရင် အိုးကို မီးပိတ်လို့ရပါပြီ။
ကြိုက်တတ်ရင် အုန်းသီးခြစ်ထားတာလေးတွေ ဖြူးစားရင် အဆင်ပြေလွယ်ကူတဲ့ အုန်းနို့သာကူ လေး ရပါပြီ။
(ထန်းလျက်လွယ်ရင် သကြားလျော့ထည့်ပြီး ထန်းလျက်ရည်ကိုပါထည့်နိုင်ပါတယ်။)


5 comments:

. said...

ပုံကိုကြည့်ပြီး သောက်ချင်သွားပြီ။ သာကူစေ့ကို ဘယ်လိုရှာဝယ်ရမလဲ .. ရှင်မင်း။

Shinmin said...

ဟုတ်ကဲ့ ရှင်မင်းတို့ဆီမှာတော့ တရုတ်ဆိုင်တွေ၊ ဗီယမ်နမ်ဆိုင်တွေ
ယိုးဒယားဆိုင်တွေမှာ ရပါတယ်အစ်မရေ။ အထုပ်ပေါ်မှာ SAGO လို့ရေးထားပါတယ်။ အရွယ်အစား ၂မျိုး ရှိပြီး အဖြူရောင်အသေးလေးတွေကို ၀ယ်ရပါမယ်။ ဒီပုံထဲကလိုမျိုးပါ အစ်မ http://www.halicious.co.uk/shop/images/ee_sagoseeds400g.jpg

ThuHninSee said...

ကျေးဇူးပဲရှင်မင်းရေ..
သာကူမှတ်လို့ဝယ်လာတိုင်း
အဆင်မပြေဘူး။
စကားမစပ်.. မမွန်စာရိုက်စာလုံးတွေက
အကောင်းပဲ။ ဒါပေမယ့်
commentမှာ postလိုက်ရင်
စာလုံးပေါင်းတွေ တစ်မျိုးဖြစ်နေတယ်။
ဆောရီးနော်။

KhinU Khine said...

Thanks for your recipes.

Unknown said...

ကျေးဇူးပဲဗျာ ကျနော်သာကူးစေ့ကိုမခေါ်တတ်လို့တိုင်ပတ်နေတာ အခုမှအဆင်ပြေသွားတယ်