မုန့်လုံးရေပေါ်



သင်္ကြန်တွင်း မုန့်လုပ်စားတဲ့ ထဲမှာ သင်္ကြန်ဆိုရင် သူမပါမဖြစ်တဲ့ မုန့်လုံးရေပေါ် ကိုတာဝန်ကျပါတယ်။
လုံးမယ်သာပြောရတာ မလုံးဖြစ်တာ ကြာပေါ့။ အရင် တနှစ်ကလုံးတာတော့ ဆန်မုန့်မကောင်းလို့လားမသိ
ဆန်စိမ်းစော်တွေနံလို့။ ထန်းလျက်ကလဲ လွယ်လွယ်ကူကူရှိတာမဟုတ်တော့ တကယ်စိတ်ညစ်ရပါတယ်။
ဒါပေမဲ့ ဒီတခါတော့ ဖြစ်တယ်။ ထန်းလျက်လေး ရှိနေတာရယ်ကြောင့် အဆင်ပြေလှပါတယ်။
လိုအပ်တာတွေကတော့ ဆန်မှုန့် (အချော) ဆန်ကြမ်းမှုန့် မဟုတ်ပါဘူး။ ပြီးတော့ ကောက်ညှင်းမှုန့်၊
ထန်းလျက်( မရနိုင်ရင် ကြံသကာ)၊ ပြီးတော့ အုန်းသီးတလုံး နဲ့ အုန်းခြစ်တို့ပါပဲ။

အရင်ဆုံး ဆန်မှုန့် နဲ့ ကောက်ညှင်းမှုန့် တို့ကို ရောပါတယ်။ အချိုးကတော့ ဆန်မှုန့် တဆ၊ ကောက်ညှင်း
မှုန့် ၁ဆခွဲပါ။ ရေကျက်အေး အနည်းငယ်ထည့်ပြီးစနယ်ပါတယ်။ မနယ်ခင်လက်ကိုသေချာဆေးပြီး
အ၀တ်သန့်သန်ဖြင့်သုပ်ပါ။ ရေထည့်လိုက်နယ်လိုက်လုပ်ရင် မုန့်နှစ်ရလောက်ထိကပ်လာအောင်နယ်
ရပါမယ်။ ရေများသွားရင် မကောင်းတာမို့ ရေကိုချိန်ဆပြီးထည့်ပေးစေချင်ပါတယ်။ မုန့်နှစ်ရမရ စမ်းချင်ရင်
တော့ မုန်လုံးရေပေါ်အသေးစားလေးလုံးပြီး ဆူနေတဲ့ ရေတည်ထားတဲ့ အိုးထဲထည့်ပါ။ ပေါ်လာတဲ့ အခါ
ဆယ်ပြီးမြည်းကြည့်နိုင်ပါတယ်။ အရမ်းပျော့လွန်းရင် ဆန်မှုန့် ထပ်ထည့်နိုင်ပြီး၊ မုန့် မာလွန်းရင်တော့
ကောက်ညှင်းမှုန့်ထည့်ပေးပါ။ မုန့်လုံးရေပေါ်လုံးတဲ့ အခါ သူငယ်ချင်းအပေါင်းအသင်းတွေ ၀ိုင်းဖွဲ့လုံးရတာ
ပို ပျော်စရာကောင်းလှပါတယ်။ ထန်းလျက်ခဲလေးတွေကို အစိပ်လေးတွေအဖြစ်လှီးထားရပါမယ်။
ကျီစားချင်သူပျိုဖြူများကတော့ ကာလသားတွေကို ငရုပ်သီးစိမ်းထည့်လုံးရင်း အကဲစမ်းတပ်ကြပါသေးတယ်။
မုန့်လုံးရေပေါ်လုံးနေစဉ်မှာပဲ ရေကို ကျွက်ကျွက်ဆူအောင်တည်ထားပြီး ၊ အဆက်မပြတ် အိုးထဲကို
ထည့်ပေးသူကထည့်၊ ပေါ်လာတဲ့ မုန့်လုံးလေးတွေကို ဆယ်သူကဆယ်နဲ့ ပျော်စရာကောင်းပါတယ်။
မုန့်လုံးလေးတွေရေပေါ် ပေါ်လာပြီးဆယ်တဲ့ အခါ ရေအေးစိမ်ထားတဲ့ စကာလေးထဲထည့်ထားလိုက်ပါ။
ပြီးမှ စားမယ်ပန်းကန်ထဲ ထည့်ပြီး အုန်းသီးခြစ်ထားတာလေး ဖြူးရင်း အလှဆင်နိုင်ပါတယ်ရှင်။ လွယ်ကူ
အဆင်ပြေတဲ့ စားချင်စဖွယ် မုန့်လုံးရေပေါ် ဖြူဖြူလေးတွေ နဲ့ နှစ်သစ်ကိုကြိုဆိုလိုက်နိုင်ပါတော့တယ်။


3 comments:

နတ္ထိ said...

အတာအိုးလေး ခဏငှားသွားတွယ်။
မုန့်လုံးရေးပေါ် အကုန် စားသြွးတယ်။

နှစ်သစ်မင်္ဂလာ ငြိမ်းအေးပါစေဗျာ...

Shinmin said...

ဟုတ်ကဲ့ ပါ။မင်္ဂလာရှိသော နှစ်သစ်ပါနော်။

ThuHninSee said...

ဒြီတစ်ခါအောင်မြင်တြ့ပုံပဲ။ မမွန်ဖတ်တာနောက်ကျသွားတယ်။