မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ (၂)




မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ (၂)

၁။ ရှင်မင်း တို့ မီးဖိုချောင်က ဘေစင်တွေမှာ မကြာခဏဆိုသလို ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူဖြူလေးတွေကွက်နေတတ်ပါတယ်။
ဒီအတွက် အိမ်တွင်းမီးဖိုချောင် သုံး ဟင်းချက်စရာ ထဲက ရှာလကာရည် ကိုအသုံးပြုပြီး စင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။
ဘေစင် ကို ရှာလကာရည် နဲ့ ဖြန်းထားရပါမယ်။ ၁နာရီလောက်အကြာမှာ မီးဖိုချောင်သုံး အ၀တ်ပိတ်စဖြင့် ဆေးကြောချနိုင်ပါတယ်။
အဲဒီအခါ အသစ်အတိုင်း သန့်စင်တောက်ပနေတဲ့ ဘေစင်လေးကိုတွေ့ရပါမယ်။
ဒီလိုအမြဲ ဖြစ်စေချင်ရင် ပန်းကန်ဆေးပြီးတိုင်း ဘေစင်သုံးပြီးတိုင်း အ၀တ်စတခုနဲ့ ရေတွေကိုစင်အောင်သုတ်ချခြင်းဖြင့် သန့်သန့်ရှင်း
ရှင်းဖြစ်အောင် ထားနိုင်ကြပါပြီ။

၂။ စတီးဇွန်း၊ စတီးပန်းကန်၊ စတီး အိုး စတဲ့ မီးဖိုချောင်သုံး အိုးခွက်များကို သံလွင်ဆီ (Olive Oil) နဲ သုတ်ပေးချင်းဖြင့် အရောင်တက်လာတဲ့
အပြင်၊ အရာ အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။ သံလွင်ဆီ မရှိလျှင် Baby Oil ကိုလဲ သုံးနိုင်ပါတယ်။

၃။ မှန်လေးတွေကြည်နေစေချင်ပါသလား၊ သတင်းစာရယ် ၊ ရှာလကာရည် ရယ် ရှိရင် မှန်ကို ကြည်ကြည်လင်လင်လေးဖြစ်အောင်တိုက်နိုင်ပါပြီ။
သတင်းစာကို ရေ နဲ့ ရှာလကာရည် အဖြူနဲ့ ဆွတ်ပြီး မှန်ကိုတိုက်ပါ။ တခဏအတွင်း မှန်လေးသန့်ရှင်းသွားပါလိမ့်မယ်။

၎။ မီးဖိုချောင်တော့မဟုတ်ပါဘူး၊ ရေချိုးခန်းထဲက ရေချိုးကန်လန့်ကာလေးတွေအောက်နားမှာ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင်
baby oil ကိုသာသုတ်ထားလိုက်ပါ။ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်ခြင်းများကိုပါ ကာကွယ်ပေးပါလိမ့်မယ်။

မှတ်ဖွယ်မှတ်ရာ တခန်းပြီးပါပြီ။ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်။

1 comments:

ThuHninSee said...

ဘေစင်အတွက်ရယ် ရေချိုးလိုက်ကာအတွက်ရယ် အတွက်ကျေးဇူးပဲ။ အ၀တ်နဲ့အမြဲတိုက်ပေမယ့် သိပ်မပြောင်ဘူး။
ှင်မင်းနည်းကို သုံးရမယ်။

bath tabမှာ ရေချိးပြီးတိုင်း ရှလကာရည်ဖြန်းပေးရင်
ဂျီးတင်တာ သက်သာတယ်။