ဝက်သားနဲ့မျှစ်ချဉ်

ဝက်သားနဲ့မျှစ်ချဉ်



ပါဝင်သော အရာများ

မျှစ်ချဉ်

ဝက်သား

ကြက်သွန်နီ ၂ (ဥ)

ကြက်သွန်ဖြူ ၁ (ဥ)

ဆီ

ငါးပိ

ဆား

ဆနွင်း

ငံပြာရည်



ဒါတွေအဆင်သင့်ဖြစ်ရင် စချက်လို့ရပါပြီ။ အရင်ဆုံး ၀က်သားကိုအနေတော် တုံးပြီး ဆား၊ ဆနွင်း နဲ့

ငံပြာရည် နယ်ထားပါတယ်။ ကြက်သွန်နီ နှစ်ဥပါးပါးလှီး ထားပါမယ်။ ကြက်သွန်ဖြူ တဥ ကိုထောင်း

ထားတာကို ဆီသပ်ပါမယ်။ ချက်မယ့် အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ထည့်လိုက်ပါမယ်။ ရွှေဝါရောင် ဖြစ်ပြီး အနံ့မွှေးလာရင် ငါးပိကွမ်းသီးလုံးလောက် ထည့်ပါမယ်။

ပြီးလျှင်ဝက်သားထည့်ပါတယ်။ အသားထဲက အရည်တွေခမ်းလာရင် အနံ့မွှေးလာရင် မျှစ်ချဉ်

ထည့်ထားတဲ့ အိုးထဲထည့်လိုက်ပါတယ်။ ပြီးတော့ ရေထည့် မီးနည်းနည်းလျော့ပြီး နှပ်ထားရပါမယ်။

ဝက်သားနူးရင် မျှစ်ချဉ် ဟင်းကျက်ပါပြီ။ ဟင်းနည်းနည်းမြည်းကြည့်ပြီး ပေါ့နေရင် ငံပြာရည်ထည့်ပြီး

ဟင်းအိုးချလို့ရပါပြီ။ ၀က်သား နဲ့ မျှစ်ချဉ် ကို ငါးကျီးခြောက်ကြော်၊ ငံပြာရည်ချက်၊ ငါးပိထောင်း

စသည်တို့နဲ့ တွဲဖက်သုံးဆောင်ပါက ထမင်းမြိန်လှပါတယ်။


0 comments: