မုန်လာဥချဉ်ဟင်း

အရည်သောက်ဟင်း မချက်ဖြစ်တာနဲ့ မုန်လာဥချဉ်ဟင်းလေး ချက်ဖို့
စီစဉ်ထားပါတယ်။

မုန်လာဥချဉ်ဟင်း အတွက်လိုအပ်မှာတွေကတော့

မုန်လာဥ အဖြူ
ဆီ
ခရမ်းချဉ်သီး
ငံပြာရည်
မန်ကျည်းမှည့်အရည်
ငါးပိစိမ်းစား
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ငရုတ်သီးမှုန့်  တို့ပါပဲ။

အရင်ဆုံး မုန်လာဥ ကို သင်ပြီး၊ တစောင်းလေးတွေ လှီးပါ။ ကြက်သွန်
ဖြူ၊ နီ ကိုလဲဆီသပ်ဖို့ ထောင်းထားရပါမယ်။ ဆီအိုးတည်ပြီး ကြက်သွန်
ဖြူ၊ နီ  နှင့် နနွင်းအနည်းငယ်ကိုဆီသပ်ပါ။ အနံ့ မွှေးပြီး ရွှေဝါရောင် သန်း
လာလျှင် ခရမ်းချဉ်သီး လှီးထားတာကို ထည့်ပါ။ တဆက်တည်း အရောင်
တင် ငရုတ်သီးမှုန့် ပါထည့်ပါ။ ခရမ်းချဉ်သီး က အရည်လေးတွေ ခမ်းပြီး
ဆီပြန်လာရင် ပုဇွန်ခြောက်၊ ငံပြာရည် ထည့်ပါ။ လှီးထားတဲ့ မုန်လာဥလေးတွေပါ
ထည့်ပါ။ ပြီးလျှင် ရေအနည်းငယ် နှင့် မန်ကျည်းမှည့်ဖျော်ရည် နှင့်တကွ
ငါးပိစိမ်းစား ကွမ်းသီးလုံးလောက်အရွယ်ထည့်ပါ။ အဖုံးအုပ်ထားပြီး၊
မုန်လာဥ ကျက်လာတဲ့အထိ ရေထည့်ပြီးချက်ပေးရပါမယ်။ အပေါ့အငံ
မြည်းပြီး ငံပြာရည်လိုလျှင်ထပ်ထည့်ပါ။ ကြိုက်တတ်လျှင် နံနံပင်၊
ငရုတ်သီးစိမ်းလေးတွေ အုပ်လို့ ရပါတယ်။

မုန်လာဥချဉ်ဟင်းကို အထက်ပါနည်းအတိုင်း ပုဇွန်ခြောက်အစား၊
ငါးကို ဆား ၊ နနွင်း နယ်ပြီးလဲ ချက်နိုင်ပါတယ်။

1 comments:

မဆုမွန် said...

မုန်လာဥချဉ်ရည် ဟင်းလေးက စားချင်စရာလေးပဲ
ငါးခူကြော်လေးနဲ့ဆို ရှယ်ပဲနော်