Korean pancake

ကိုယ့်မြန်မာအစားအစာပြီးရင် နှစ်သက်မိတာ ယိုးဒယားအစားအစာတွေပါ။
ဒုတိယအကြိုက်ဆုံးကတော့ ကိုရီးယန်းအစားအစာတွေပါပဲ။ အကုန်လုံးမစား
ဘူးပေမယ့်၊ အခါအခွင့်သင့်ရင် ဖြစ်စေ၊ အလွယ်တကူစမ်းနိုင်မယ့်အရာမျိုးဖြစ်
စေ စားဖြစ်ပါတယ်။ ကိုးရီယန်း ဒရာမာတွေ ကြည့်တာများသွားလို့လဲ ပါမလား
မသိဘူးနော်။ :P တကယ့် ကိုရီးယန်းအစားအစာမြည်းချင်ရင်တော့ ကိုရီးယား
တခါလောက် သွားလည်မှသိမှာပါပဲ။ ဥပမာ လမ်းဘေးဆိုင်လေးတွေက Fish cake,
Jja jan myang လို့ခေါ်တဲ့ Blackbean sauce noodle တို့ပေါ့။

စကားမစပ် ကိုရီးယန်းအစားအစာလေးတွေချက်ပြုတ်ချင်တယ်ဆိုရင်
Maangchi youtube channel မှာလေ့လာကြည့်ရှူနိုင်ပါတယ်။

စကားများနေတာနဲ့ korean pancake လုပ်ဖို့တောင် မေ့နေပါပြီ။ ရှင်မင်းသွားနေကျ
တရုတ်ဆိုင်ကပဲ Korean pancake mix အထုပ်တထုပ်ဝယ်ထားပါတယ်။ pancake
ထဲမှာထည့်ချင်တဲ့ ဂေါ်ရခါးသီး၊ ကြက်သွန်မြိတ် စတဲ့ ဟင်းသီးဟင်းရွက်မျိုးတွေကိုလဲ
ကြိုတင်ဝယ်ထားရပါမယ်။




korean pancake လုပ်မယ်ဆိုရင်လိုအပ်မှာတွေကတော့

Pancake mixture တထုပ်
ဂေါ်ရခါးသီး (သို့) ဘူးသီး (ဘူးသီးနဲ့ခပ်ဆင်ဆင်အသီးမျိုးတွေလဲသုံးလို့ရပါတယ်။)
ငရုပ်ပွ
ဆီ
ဆားအနည်းငယ်
ငရုပ်သီးစိမ်း တို့ပါပဲ။

အပေါ်မှာရေးထားတဲ့ အသီးအနှံတွေအပြင် ကြက်သွန်မြိတ်၊ Kim chee၊ ဂေါ်ဖီထုပ်
စတဲ့အရာများပါထည့်လို့ရပါတယ်။ Pancakeအမှုန့် ကိုရေနည်းနည်းစီထည့်ပြီး
အရည်ပြစ်ပြစ်ရတဲ့အထိဖျော်ပါတယ်။ ဖန်အိုး ကြီးကြီးဒါမှမဟုတ် အိုးကြီးကြီးတခု
မှာထည့်ဖျော်ပါ။ အမှုန့်တွေ ပျော်သွားပြီး၊ အခဲမရှိတော့တဲ့အထိမွှေပေးပါ။ မိမိနှစ်
သက်တဲ့ အရည်အပြစ်ရပြီဆိုလျှင် အသင့်လှီးထားတဲ့ အသီးအနှံများကိုထည့်ပါ။
ဆားအနည်းငယ်ထည့်ပါ။

ဒယ်အိုးကို မီးအပူပေးထားပြီး ၊ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျှင် pancake
mixture အနှစ်ရည်ထည့်ပါ။ မီးအရှိန်ကို အလည်အလတ်လောက်ထားပြီးကျော်ပါ။
တဘက်က ကျက်ပြီး ရွှေဝါရောင်ဖြစ်လာလျှင်တဘက်ကိုလှန်ပြီး ကျော်ပါ။ မိမိနှစ်
သက်တဲ့ အနေအထားလောက်ဆိုလျှင် ချလို့ရပါပြီ။

အလွယ်တကူ လုပ်စားနိုင်ပြီး၊ ရေနွေးကြမ်းလေးနဲ့ အလွန်လိုက်ဖက်လှပါတယ်။
အချဉ်အဖြစ် ပဲငံပြာရည်အကြည် ကို နှမ်းစေ့လေးများရောပြီးဖျော်နိုင်သလို၊ ငရုပ်ဆီ
နဲ့လဲ တွဲဖက် စားသုံးနိုင်ပါတယ်။

0 comments: