ကြက်ဥသီးစုံဟင်း

ကြက်ဥသီးစုံငါးခြောက်ဟင်း လို့ ပြောရင် ပိုပြည့်စုံမယ်ထင်ပါတယ်။ ဒီဟင်းလေးကတော
ရှင်မင်းအကြိုက်ပါ၊ ချက်ဖြစ်ရင်လဲ ထမင်းပိုစားမိပါတယ်။ ခံတွင်းလဲတွေ့၊ ဟင်းသီးဟင်း
ရွက်၊ အသားဓါတ် နှင့် အရည်သောက်တဖြစ်လဲမို့ အင်မတန်အဆင်ပြေပြီး၊ အရသာ တွေ့လှ
ပါတယ်။

သီးစုံကြက်ဥဟင်းချက်မယ်ဆိုရင် မိမိထည့်လိုတဲ့ ဟင်းသီးဟင်းရွက် တွေအရင်စဉ်းစားထား
ပါနော်။


ကြက်ဥသီးစုံဟင်းချက်တော့မယ်ဆိုရင်

ကြက်ဥ
မုန်လာဥနီ (သို့) ခါကြက်ဥ
ဂေါ်ရခါးသီး
အားလူး
အာပြဲခြောက် (သို့) ငါးခြောက်တမျိုး
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဆီ
ငရုတ်သီးမှုန့်
နနွင်း
ငရုတ်သီးစိမ်း တို့ပါပဲ။

အရင်ဆုံးကြက်ဥ ကိုပြုတ်ပြီး ၊ ကျက်လျှင် အခွံတွေခွာထားပြီးအသင့်ပြင်ထားပါ။
ဆီအိုးပူပူမှာ ကြက်သွန်ဖြူ၊ နီ ကို နနွင်းအနည်းငယ်နဲ့ ဆီသပ်ပါတယ်။ အနံ့ မွှေးပြီး
ရွှေဝါရောင် သန်းလာလျှင်တော့ မုန်လာဥနီ (ခါကြက်ဥ) ၊ အာလူးတို့ကိုထည့်ပါ။
ရေအနည်းငယ် ထည့်ပြီး ၊ ခဏနေလျှင် ဂေါ်ရခါးသီး ထပ်ထည့်ပါ ၊ အရောင်တင်မှုန့်
ထည့်ပြီး အသီးအနှံတွေ ကျက်လာအောင်ခဏတည်ထားပါတယ်။ ပြီးလျှင် ငါးခြောက်
ထည့်ပြီး ရေထပ်ထည့်ပါ။ ဆားလိုလျှင် ဆားထည့်ပါ။ ကြက်ဥပြုတ်ထည့်ပါ။ ရေအနည်း
ငယ် ထည့်ပြီး အဖုံးအုပ်ထားပါ။ အားလုံးကျက်လောက်လျှင် ငရုပ်သီးစိမ်း ၊ နံနံပင်တို့ကို
ထည့်ပြီး  မြည်းပါ။ အရသာအနေတော်ဆိုလျှင် အိုးချလို့ရပါပြီ။ ရှင်မင်းဆီမှာတော့ နံနံပင်
ဝယ်မထားလို့ မအုပ်လိုက်ရဘူး။

 
 

8 comments:

mae said...

this is my favourite dish!

I sometimes fry the boiled eggs before adding into the curry. Usually, I use potatoes, long beans, and lady fingers :)

AKyinNar said...

Looks good! Want to cook in this weekend.

စူးနွယ်လေး said...

ဒီလိုဟင်းမျိုးလေးက တို့အကြိုက်ပဲ။ တကယ်သာစားရရင် ပိုကောင်းမှာနော်..

T T Sweet said...

ကြိုက်ပါတယ် ...ကြိုက်ပါတယ် ... အဲလိုဟင်းမျိုးတွေလဲ ကြိုက်ပါတယ် ... ချက်စားဖို့ သတိပေးလိုက်သလိုပဲ ... ၇ှလွတ် ...

Nu Thwe said...

ဒါလည်း ကြိုက်တာပဲ။ ချက်စားမယ်။ ကျေးဇူး။

Sweet Burmese said...
This comment has been removed by the author.
Sweet Burmese said...

hi, I am new here.
I'm thinking of starting a food blog as well.
I like this dish and maybe try to cook it next week. I loved ur khout swel thote recipe as well. I tried it & it was delish.

Shinmin said...

Hi Mae,

I will try it with fried eggs next time. thank you!

Thank you AkyinNar, SuNwe, NuThwe and TTsweet. :D

hi sweet burmese,

It's good to know that you have a same interest as me. I look forward to read your blog and recipes.
Thank you for the feedback of noddle salad. I'm glad you like it!