Smoked mackeral

ဒီတခါ တင်မယ့်နည်းကတော့ ဟင်းချက်တယ်လို့တောင်မဆိုနိုင်ပါဘူး။
အချိန်မရှိတဲ့အခါ၊ ဘာဟင်းမှမချက်ချင်တဲ့အခါ၊ ငါးခြောက်လွမ်းတဲ့အခါ
ရှင်မင်းလုပ်စားနေကျနည်းလေးပါ။ ငါးခြောက်အိမ်မှာအမြဲမရှိတာတကြောင်း၊
ဟင်းချက်ရင် နံတာတကြောင်းကြောင့် အလွယ်နည်းအာသာပြေ smoked mackeral
fillets တွေစားဖြစ်ပါတယ်။ စူပါမားကတ်တွေမှာ အထုပ်နဲ့အဆင်သင့် စားသုံးနိုင်တဲ့
section တွေမှာဖြစ်ဖြစ်၊ ငါးတန်းမှာဖြစ်ဖြစ်ရောင်းတတ်ပါတယ်။

အရသာကတော့ ၄ မျိုးလောက်ရှိတတ်ပါတယ်။ ငရုတ်ကောင်းကပ်ထားတာ၊ ရိုးရိုး၊
ပျားရည်နဲ့နယ်ထားတာ၊ ပျားရည်နှင့်ငရုတ်ကောင်း စသဖြင့် ရနိုင်ပါတယ်။ တချို့ ဆိုင်တွေ
မှာတော့ အရသာပိုစုံလင်တတ်ပါတယ်။ ရှင်မင်းကတော့ pepper ပါတာကိုသာဝယ်လေ့
ရှိပါတယ်။ ခပ်ပူပူအရသာလေးကိုကြိုက်လို့ပါ။




Mackeral fllets ကို ခွက်ထဲထည့်ပြီး၊ မစားခင် ၂မိနစ်လောက် microwave နဲ့အပူပေးရုံ
ပါပဲ။ ဒါမှမဟုတ် ဒယ်အိုးပေါ်မှာလိမ့်လိုက်ပါတယ်။ ပြီးလျှင် အသားမျှင်လေးတွေနွှာပြီး
မိမိစိတ်ကြိုက်သံပုရာရည်ညှစ်ပြီးသုံးဆောင်နိုင်သလို၊ ထမင်းပူပူလေးနဲ့စားသုံးနိုင်ပါတယ်။

ငါးခြောက်ထောင်းကြော်သလိုလဲ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ငရုတ်သီးစတာတွေနဲ့
ကြော်စားရင်လဲ စားကောင်းပါတယ်။

 အထက်ပါ ပုံနှစ်ပုံမှာ Google မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။ တတိယပုံမှာရှင်မင်း
မူပိုင်ဖြစ်ပါတယ်။

0 comments: