နှမ်းဆီခေါက်ဆွဲကြော်

တလောက ရိုးရိုးခေါက်ဆွဲကြော် မစားချင်တာနဲ့၊ Glamour Magazine ထဲက ခေါက်ဆွဲကြော်
လေးစားချင်စရာကောင်းတာနဲ့၊ အစမ်းကြော်ကြည့်ဖြစ်ပါတယ်။ သူ့    recipe မှာတင် Salmon
ငါးကို ပျားရည်နဲ့ နယ်ပြီးကင်ထားတာကို တွဲဖက်ပေးထားပါတယ်။ ငါး recipe ကိုတော့ နောက်
blog post တခုနဲ့ သပ်သပ်တင်ပါဦးမယ်။


ခေါက်ဆွဲကြော်အတွက်လိုအပ်မယ့်အရာတွေကတော့

ကြက်ဥခေါက်ဆွဲ (သို့) Spaghetti
နှမ်းဆီ တီးစပွန်း ၂ဇွန်း
ပဲငံပြာရည်အကြည်
ကြက်သားအမှုန့် ၂ဇွန်း
ကြက်သွန်မြိတ်
ပဲတီပင်ပေါက်
ပျားရည် တီးစပွန်း ၁ဇွန်း
ဟင်းနုနွယ်ရွက် တို့ပါပဲ။

ခေါက်ဆွဲကို ကြိုတင်ပြုတ်ထားပြီး၊ သိပ်မပျော့ခင် ချထားလိုက်ပါတယ်။ ပြုတ်ထားတဲ့ခေါက်ဆွဲကို
နှမ်းဆီ၊ ပဲငံပြာရည်၊ ဆားအနည်းငယ်တို့နဲ့ နယ်ထားပါတယ်။ ကြော်မယ့် ဒယ်အိုးထဲ ဆီအနည်းငယ်
ထည့်ပါ၊ ခေါက်ဆွဲထည့်ပြီး ကြော်ပါ။ ပြီးလျှင် ဟင်းနုနွယ် နှင့် ပဲတီပင်ပေါက်ထည့်ကြော်ပါ။ ခဏကြာ
လျှင် ကြက်သွန်မြိတ်ထည့်ပါ။ ပျားရည်၊ ပဲငံပြာရည် နှင့် ကြက်သားအမှုန့် တို့ထည့်ပါ။ ဟင်းနုနွယ်ရွက်
တွေ သေချာကျက်လောက်လျှင် မီးပိတ်လိုက်လို့ရပါပြီ။

နှမ်းဆီ အနံ့ မွှေးမွှေးလေးနဲ့ ခေါက်ဆွဲကြော်ကို ပျားရည်နဲ့ ကင်ထားတဲ့ ငါးတို့ တွဲဖက်သုံးဆောင်ပါက
အရသာရှိလှပါသည်။

4 comments:

SZA said...

ချက်တော့ မချက်တော့ဘူး.. ဒီမှာ ချက်ထားတဲ့ဟာတွေကိုသာ အပြင်မှာ တခါတည်းကို စားလိုက်ချင်တော့တယ်..

Shinmin said...

နီးနီးနားနားဆိုကောင်းသား တော်မီ၊
တကယ်လာစားခိုင်းပါတယ်။
တခါတလေ စားမယ့်သူမရှိရင်တောင်
ချက်ရတာ အားမရှိဘူး..:(

လုလု said...

မမလုက အဲ့ဒီငါးကို ထမင်းပူပူလေးနဲ့ စားချင်တယ်၊ ပြီးရင် အရည်သောက်လေး တစ်ခုခုနဲ့ဆို ပိုကောင်းမယ်နော်။ ကျွေးနော်။ ချက်ရတာအားရှိအောင် အိမ်လည်လာမယ်နော်

Shinmin said...

ဟုတ်တယ် မမလုလုရေ၊ ရှင်မင်းလဲ ထမင်းလေးနဲ့
စားရတာကို ပိုသဘောကျတယ်။
ချက်ကျွေးမယ်မမ၊ တနေ့ပေါ့နော်။
လာလည်နော်။