Salmon ငါးကင်

ခေါက်ဆွဲကြော် နဲ့ တွဲစားတုန်းက Salmon မဟုတ်ဘဲ၊ white fish fillet နဲ့ ကင်ဖြစ်ပါတယ်။
နောက်တော့ အရသာ ကြိုက်လို့ Salmon ငါးအသားချည်း သက်သက်နဲ့ ထပ်ကင်ဖြစ်ပါတယ်။
ချက်ရသက်သာပြီး၊ မြန်လဲမြန်ပါတယ်။ ဆီလဲသိပ်မပါတော့၊ ကျန်းမာရေးနဲ့ ညီညွတ်လှပါတယ်။

လိုအပ်တဲ့အရာများကတော့

Salmon ငါးအသားချည်းသက်သက်
နှမ်းဆီအနည်းငယ်
ပျားရည်
နှမ်း
ပဲငံပြာရည်
ဆား တို့ပါပဲ။

ငါးကို ပျားရည်၊ ဆား နှင့် ပဲငံပြာရည်တို့ နဲ့ နယ်ပြီး ၁နာရီ ခန့်  နှပ်ထားလိုက်ပါတယ်။
ချက်တော့မယ်ဆိုလျှင် အရင်ဆုံး ဒယ်အိုး ပူပူ မှာ နှမ်းစေ့ အနည်းငယ်ကိုလှော်ပေး
လိုက်ပါတယ်။ အကြာကြီးမဟုတ်ပါဘူး။ နှမ်းစေ့လေးတွေ ရွှေဝါရောင်သန်းလာတဲ့
အထိပါ။ပြီးလျှင် ပန်းကန် တခုထဲ သပ်သပ်ဖယ်ထားပေးပါ။

ဆီအနည်းငယ် ဒယ်အိုးထဲထည့်ပြီး စောစောက နယ်ထားတဲ့ Salmon ကို ၁မိနစ်
တဘက်စီအနည်းဆုံးလိမ့်ပြီးကြော်ပါတယ်။ ဆီအများကြီးမလိုပါဘူး၊ ကင်တဲ့သဘော
သာသာ လိမ့်ပေးတာပါ။ စောစောကနယ်ထားပြီးကျန်တဲ့ ပျားရည်နဲ့ ပဲငံပြာရည် ကို
ဖယ်ထားပါတယ်။

စားခါနီး ကျလျှင် စောစော ငါးကို ကျန်တဲ့အရည်လောင်းပြီး၊ လှော်ထားတဲ့နှမ်းစေ့လေး
တွေ ဖြူးလိုက်ပါတယ်။ပေါ့နေသေးလျှင် ပဲငံပြာရည် အကြည်နဲ့ တွဲဖက်သုံးဆောင်နိုင်
ပါတယ်။ Salmon ငါးကင်ကို ထမင်းဖြူ ဒါမှမဟုတ် ခေါက်ဆွဲကြော်တို့နဲ့စားသုံးနိုင်ပါတယ်။

0 comments: