ကြက်သားအချိုပေါင်း

တလောက ရှင်မင်းတို မနေနိုင်မထိုင်နိုင် ပေါင်းအိုးတလုံး ၀ယ်ဖြစ်ပါတယ်။
ပေါင်းအိုး ရဲ့  အားသာချက်ကတော့ အချိန်ရော၊ လူ၊ လျှပ်စစ် (သို့) ဂက်စ်ဖိုး
သက်သာလှပါတယ်။ အားနည်းချက်ကတော့ အချိန်မှန်းမှားရင် ဟင်းအရမ်း
ပျော့သွားတာမျိုးဖြစ်တတ်ပါတယ်။ ပေါင်းအိုး ကိုသဘောကျတဲ့သူမို့လားမသိ
မီးဖိုချောင်တခု ရဲ့  သင့်တော်တဲ့ အရင်းအနှီး တခုလို့ပဲမြင်ပါတယ်။ အရမ်းအဆင်
ပြေလို့ပါ။ ပေါင်းအိုးကိုသုံးပြီး အသားငါး နှပ်တာ၊ ပေါင်းတာတွေ ရသလို၊ ထမင်း
အလွယ်ချက်ရင်လဲ ရပါတယ်။ ပေါင်းအိုးအကြောင်းကြွားနေရတာနဲ့ ဟင်းချက်
ဖို့တောင်နောက်ကျနေပါပြီ။

ဒီနေ့ ချက်စားမယ့် ဟင်းကတော့ကြက်သားအချိုပေါင်းပါ။ အရမ်း
လွယ်ကူပြီး ၊ မြန်လို့ ရှင်မင်းအနှစ်သက်ဆုံးဟင်းတမျိုးပါ။

ပေါင်းမယ့်အိုးထဲကို

ကြက်သားအနေတော် အတုံးလေးများ
ဆီ တီးစပွန်း ၃ဇွန်း
ပဲငံပြာရည် အကြည်၊ အနောက် ၂ စွန်းစီ
ခရုဆီ (Oyster Sauce) ၂ စွန်း
ပျားရည် ၁ စွန်း
ဆား ၁ဇွန်း
Shitake Mushroom
ခါကြက်ဥ (မုန်လာဥနီ)
သကြားအနည်းငယ်
ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာ တို့ပါပဲ။

အ၇င်ဆုံး shitake mushroom အခြောက်ကို ပွလာအောင် ရေ တနာရီခန့် စိမ်ထားရပါမယ်။
မုန်လာဥနီ ကိုလဲ မိမိစားလိုသလောက်အအရွယ်လေးတွေလှီးပေးပါ။ အိုးထဲမှာ ဂျင်း၊ကြက်သွန်
ဖြူ ၊ ဆား တိုနဲ့ နယ်ထားတဲ့ကြက်သားနဲ့အတူ အထက်မှာရေးထားတဲ့ အချိန်အတိုင်း ပဲငံပြာရည်၊
ဆီ၊ ပျားရည် တို့ကိုထည့်ပါ။ ပြီးလျှင် ရေ အဆာမြုပ်ရုံထည့်၊shitake mushroom ထည့်ပြီး၁၅မိနစ်
ခန့် ပေါင်းထားရပါမယ်။ ပေါင်းပြီးရေနည်းနည်းကျန်တာနဲ့ အဖုံးဖွင့်ပြီး မုန်လာဥနီ ထည့်ပြီး ၁၀မိနစ်
ခန့် နှပ်ထားပါတယ်။ အဖုံးဖွင့်ထဲအခါမှာ အင်မတန်ပူတာကြောင့် အထူးသတိပြုပြီးဖွင့်ရပါမယ်။
ကြက်သားနူးအိလာပြီး ၊ မုန်လာဥနီ အနေတော် ဖြစ်လျှင် မီးပိတ်ပြီး ၊ အိုးကိုချလို့ရပါပြီ။ လွယ်ကူ
အဆင်ပြေပြီး အရသာချိုဆိမ့်တဲ့ကြက်သားအချိုပေါင်းပါ။

မိမိကြိုက်နှစ်သက်တဲ့ အသီးအနှံများလဲ ထည့်ချက်လို့ရပါတယ်။ နူးလွယ်မယ့် အသီးအနှံတွေကို
နောက်ဆုံးမှထည့်ခြင်းဖြင့် မိမိလိုသလိုချက်ပြုတ်စားသုံးနိုင်ကြပါတယ်။

0 comments: