ကြက်ဟင်းခါးသီးချက်

ကြက်ဟင်းခါးသီး မစားရတာကြာလို့၊ တလောက တွေ့တုန်း ၀ယ်လာခဲ့ပါတယ်။
ရှင်မင်း သိသလောက် ကြက်ဟင်းခါးသီး ၂မျိုး ရှိပါတယ်။ တမျိုးက နည်းနည်း
သေးပြီး၊ အစိမ်းရောင်ရင့်ပါတယ်။ အရသာက အခါးဓါတ်ကဲပါတယ်။ နောက်တမျိုး
ကတော့ အစိမ်းရောင်နုပြီး၊ ပိုလည်းရှည်ပါတယ်။ အရသာကတော့အခါးဓါတ်ပေါ့
ပါတယ်။ ရှင်မင်းဝယ်လာတာက ပထမ တမျိုးပါ။

ကြက်ဟင်းခါးသီးချက်တော့မယ်ဆိုရင်

ကြက်ဟင်းခါး ၃ လုံး
ပုဇွန်ခြောက်မှုန့်
ဆီ
ဆား
ငရုတ်သီးမှုန့် (အရောင်တင်မှုန့်)
ခရမ်းချဉ်သီး
ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ပါပဲ။

ခရမ်းချဉ်သီးက မထည့်လဲရပါတယ်။ အရင်ဆုံးကြက်ဟင်းခါးသီး အလည်က
ခွဲပြီး အစေ့တွေထုတ်ပါတယ်။ ပြီးရင် ဆားနဲ့ နယ်ထားပြီး၊ အခါးဓါတ်လျော့သွား
အောင် ဆေးချပါတယ်။ အခါးဓါတ်များမှ ကြိုက်တတ်ရင်တော့ ရေသိပ်မဆေး
ပါနဲ့နော်။ ပြီးလျှင် မိမိတို့ အဆင်ပြေသလို မထူးမပါးလှီးပါ။ ကြက်သွန်နီ ၊ ဖြူ
ကိုလဲ အတုံးသေးသေးလေးတွေစိပ်လှီးပါ။ ခရမ်းချဉ်သီး ၂ လုံးခန့် ကိုလဲ လှီးထား
ပေးပါ။

ချက်မယ့်အိုးထဲမှာ ဆီထည့်ထားပြီး၊ ဆီပူလာတယ်ဆိုရင်ပဲ ကြက်သွန်နီ၊ ဖြူတို့ကို
ဆီသပ်ပါ။ တဆက်တည်း ပုဇွန်ခြောက်မှုန့် ထည့်ပါ။ အနံ့မွှေးပြီး ကြက်သွန်တွေ
အစိမ်းနံ့ပျောက်ရင် ငရုတ်သီးမှုန့်ထည့်ပါ။ တအောင့်နေလျှင် ကြက်ဟင်းခါးသီး
ထည့်ပါ။ ဆားအနည်းငယ်နှင့် ခရမ်းချဉ်သီးထည့်ပါ။ ကြက်ဟင်းခါးသီး မကျက်မချင်း
ရေစပ်စပ်ကလေးထည့်ပြီး ချက်ပေးပါ။ ခရမ်းချဉ်သီးတွေလိပ်ပြီးကြေလာပါလိမ့်မယ်။
အခါးဓါတ်များနေလျှင် ပုဇွန်ခြောက်မှုန့် သို့မဟုတ် အချိုမှုန့် အနည်းငယ်ထည့်ပါ။
ကြက်ဟင်းခါးသီးအနေတော် ကျက်ပြီဆိုလျှင်အပေါ့အငံမြည်းပြီး ချလို့ရပါပြီ။

3 comments:

subuueain said...

မရှင်မင်းလက်ရာ မစားရတာကြာ
လို့ အကုန်ယူသွားပြီနော်။ :)

ThuHninSee said...

မစားဘူး..တခြားဟာ ချက်ကျွေးပါ။
မတွေ့ရတာာကာနေပြီနော်။

Summer Field said...

မရှင်မင်းခင်ဗျား.. ရှမ်း(သို့) ယူနန်တရုတ် မုန်ညှင်းချဉ်လုပ်နည်းသိရင် မျှစေလိုပါတယ်၊ ကျေးဇူးပါ။