ပုဇွန်အစပ်ကြော်

ပုဇွန်ကို ဟင်းမစားချင်လို့၊ တလောက ဖတ်ထားတဲ့ ချက်နည်းလေးအတိုင်း
ချက်စားဖြစ်ပါတယ်။ ပုဇွန်ကြော်တာမျိုးပါပဲ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး နဲ့
မို့ အစပ်အဟပ်တည့်ပါတယ်။

ပုဇွန်အစပ်ကြော်အတွက် လိုအပ်တာတွေကတော့

ပုဇွန်အလတ်စား အကောင်၂၀
ကြက်သွန်ဖြူ (တီးစပွန်း ၂စွန်းစာ လောက်ထောင်းထားပါ။)
ငရုတ်သီးအနီတောင် ( ၃တောင့် ၊ အစပ်မစားနိုင်ရင် ၁တောင့်လောက်ပဲထည့်နိုင်ပါတယ်။)
ကော်မှုန့်
ဆား
ဆီ တို့ပါပဲ။

ပုဇွန်ကို အခွံခွာပြီး သန့်ရှင်းရေးလုပ်ရပါမယ်၊ မူရင်း ချက်နည်းမှာတော့အခွံနဲ့ချက်တာပါ။
ခွာထားတဲ့ ပုဇွန်ကို ကော်မှုန့် တီးစပွန်းနဲ့ ၅ ဇွန်းလောက်ထည့်ပြီး နယ်ထားပေးပါ။
ကြက်သွန်ဖြူ ၅ မွှာလောက်ကိုထောင်းထားပြီး၊ တ၀က်စီ ခွဲထားပါနော်။ တ၀က် ကို ဆီပူ
ပူမှာ ရွှေဝါရောင်ဖြစ်လာအောင်ကြော်ပြီးဖယ်ထားပါ။ ကျန်တဲ့ ဆီနဲ့ ကော်မှုန့်နယ်ထားတဲ့
ပုဇွန် ကိုကြော်ပါ။ ပုဇွန်တွေကျက်လာလောက်ရင် ဖယ်ထားပေးပါ။ ကျန်တဲ့ ဆီနဲ့ တ၀က်
ကျန်နေတဲ့ ကြက်သွန်ဖြူထောင်းတ၀က် ရယ်၊ ငရုတ်သီး အနီတောင့်ကိုကြော်ပါ၊ (ငရုတ်
သီးအခြောက်တောင့်မဟုတ်ပါဘူး) ငရုတ်သီးကြော်လာရင်မီးလျော့ပေးပါ၊ ငရုတ်သီးမွှန်
မှာမို့ နှာခေါင်းကို ပုဝါနဲ့ စည်းထားနိုင်ပါတယ်။ ကြက်သွန်ဖြူတွေကျက်လာရင်တော့ စော
စောက ကြော်ထားတဲ့ ပုဇွန် ကိုရောကြော်ပါ။ ဆားထည့်ပြီး အနေတော်ဆိုလျှင်မီးပိတ်လို့
ရပါပြီ။ နောက်ဆုံးမှာ စောစောက ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်ကို ဖြူးလိုက်ပါ။
ပုဇွန်ကြော်စပ်စပ်ကလေးရပါပြီ။

3 comments:

ကလိုစေးထူး said...

ပုဇွန်အစပ်ကြော်လေးရယ်၊ ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်း ကောင်းကောင်းရယ်၊ နည်းနည်းလေး ပျော့တဲ့ ထမင်းပူပူရယ်ကို လွှေးလိုက်ရလို့ကတော့လား...၊ ရေသည်ယောက်ျား ကြွေးကြော်သလို `အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်ငဲ့´ ကို ဖြစ်သွားတော့မယ်ထင်တယ်။

မီယာ said...

ပုဇွန်ကို အခွံခွာပြီး ချက်တာပိုကြိုက်တယ်။ ချက်နည်း အသစ်ကို စမ်းကြည့်ဦးမယ်။ ဘန်နာလေးက ဟင်းခတ်အမွှေးအကြိုင် ပုလင်းလေးတွေနဲ့ လှတယ်။ စိတ်ကူးလေးကောင်းလိုက်တာ။

td said...

Ma
let me see " chin phat loat nee"
using Vegena.

Thanks