KimChee Fried Rice (ကင်းမ်ချိ ထမင်းကြော်)

အိမ်မှာမနေ့တနေ့ က တပေါင်တန် မုန်လာဥဖြူအသေးစားကင်းမ်ချိ တထုတ်တန်လို့ဝယ်
လာပါတယ်။ မုန်လာဥတွေကို ၀ယ်ပြီးပြန်လုပ်လဲ ဒီလောက်ပဲကျမှာရယ် ၊ ၃ရက်စောင့်
ရမှာနဲ့ လုပ်ပြီးသားပဲ ၀ယ်လာခဲ့ပါတယ်။ တထုတ်ထဲမှာ မုန်လာဥလေးပင်ပါပါတယ်။
အရွက်တွေပါ ပါတာမို့ ၂မျိုးစားရပါတယ်။ မနက်ကတော့ မနေ့က ကျန်နေတဲ့ ထမင်းကြမ်း
လေးရယ်၊ ကြက်ဥရယ်၊ ကင်းမ်ချိရယ် ပေါင်းကြော်လိုက်တာ ကင်းမ်ချိ ထမင်းကြော်လေး
ဖြစ်လာပါရောလား။ စားလို့ကောင်းပြီး လွယ်လို့ ခဏခဏကြော်စားဖြစ်မှာပါ၊ ကင်းမ်ချိတွေ
ရှိနေရင်ပေါ့လေ။

အရင်ဆုံးကင်းမ်ချိထမင်းကြော် တော့မယ်ဆိုရင်

ထမင်းကြမ်း (ထမင်းနည်းနည်းလေးမာနေမှ ကြော်လို့ကောင်းလို့)
ကင်းမ်ချိ ( မိမိကြိုက်နှစ်သက်တဲ့ အမျိုးအစား တရုတ်ဂေါ်ဖီ (သို့) မုန်လာဥဖြူ (သို့) ပဲပင်ပေါက် တခုခု)
ကြက်ဥ ၁ လုံး
ကိုးရီးယား ငရုတ်ဆီ (ဘူးနီနီလေးတွေနဲ့ ရောင်းတတ်ပါတယ်။)
ခေါက်ဆွဲခြောက်ထဲကအမှုန့်ထုပ် ( ကိုးရီးယားခေါက်ဆွဲခြောက်ထုပ်ကအမှုန့်)
ဆားအနည်းငယ်
ဆီ

ဆီလက်ဖက်ရည်ဇွန်း ၃ဇွန်းစာလောက်ကိုအပူပေးပါ။ ကင်းမ်ချိတွေကိုအနေတော်
လှီးထားပြီး၊ ဆီသပ်သလိုထည့်ကြော်ပါ။ အနံ့သင်းလာလျှင်ထမင်းထည့်ပါ။ ထမင်း
ကိုမထည့်ခင် နည်းနည်းဖွထားပေးရပါမယ်နော်။ ထမင်းထည့်ပြီး သမသွားရင်၊
ငရုတ်ဆီတီးစပွန်း ၁ဇွန်း၊ အမှုန့်ထုပ်တို့ကိုတပါတည်းထည့်နိုင်ပါတယ်။ ပြီးမှ ကြက်ဥ
တလုံးဖောက်ထည့်ပြီးရောကြော်ပါ။ ကြက်ဥကိုခေါက်ပြီး အပြားလိုက်ကြော်ထားတာ
ကိုညှပ်ထည့်နိုင်ပါတယ်။ ရှင်မင်းကတော့ အလုပ်မရှုပ်ချင်တာနဲ့ ရောမွှေကြော်လိုက်ပါ
တယ်။ ဆားအပေါ့အငံမြည်းပြီး အနေတော်ဆိုလျှင် စားလို့ရပါပြီရှင်။

1 comments:

Khin said...

Will try at home!