ကြက်ဥဟင်း

အိမ်မှာဘာမှထွေထွေထူးထူးချက်စရာမရှိရင်ဖြစ်ဖြစ်၊ ဘာချက်ရမှန်းမသိဖြစ်နေရင်ပဲ
ဖြစ်ဖြစ် ချက်စားဖြစ်တဲ့ဟင်းလေးပါ။ ရှင်မင်းကတော့ အသားဟင်းတွေထက်မက်ပါ
တယ်။ ချက်ရမြန်ပြီး၊ ဈေးလဲတော်တယ်၊  လွယ်လဲလွယ်ကူလို့ပါ။

ရန်ကုန်မှာတုန်းကဖေဖေ က ကြက်ဥဟင်းကို ခရမ်းချဉ်သီးထည့်ချက်ရင်မကြိုက်ဘူး
ဆိုလို့၊ ခုချိန်ထိမကျည်းရည်စပ်စပ်ကလေးနဲ့ပဲချက်ဖြစ်ပါတယ်။


ကြက်ဥဟင်း အတွက်လိုအပ်တာတွေကတော့

ကြက်ဥပြုတ်
မကျည်းရည်
ငရုပ်သီးအရောင်တင်မှုန့်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ကုလားလေးမဆလာ
ဆီ
နနွင်း
ဆား တို့ပါပဲ။


ကြက်ဥ ကိုမိမိလိုသလောက် ပြုတ်ထားလိုက်ပါတယ်။ ပြုတ်ပြီးအခွံနွှာထားတဲ့ကြက်ဥ
တွေကို ဓါးလေးနဲ့ ပတ်ပတ်လည် အရှည်လိုက် အရာလေးတွေပေးပါတယ်။ ဟင်းချက်
တဲ့အဟာ အရသာစိမ့်ဝင်အောင်လို့ပါ။ ဆီအိုးတည်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်
နီ ကြိတ်ထားတာကို ဆီသပ်ပါတယ်။ နနွင်းလေးနည်းနည်းထည့်ပြီး အနံ့ မွှေးပြီးကြက်သွန်
စိမ်းနံ့ ပျောက်သွားတဲ့အထိ ဆီသပ်ပါ။ ကြက်ဥပြုတ်လေးတွေထည့်ပြီး ရေစပ်စပ်လေး
ထည့်ပါ၊ တဆက်တည်း ငရုတ်သီးမှုန့်  ၊ ဆား ၊ မဆလာတို့ကိုထည့်ပါ။ အဖုံးခဏအုပ်
ပြီးနှပ်ထားပါ။ အကယ်လို့ ကြက်ဥအကာကိုကျွတ်ကျွတ်လေးစားချင်တယ်ဆိုရင် ကြက်ဥ
ပြုတ်ကို ဆီ ပူပူမှာမချက်ခင်ကြော်နိုင်ပါတယ်၊ ဆီပေါက်မှာကိုတော့အထူး ဂရုပြုစေချင်
ပါတယ်။

ဟင်းအနံ့လေးမွှေးလာရင် မကျည်းရည်လေးထည့်ပါ။ အပေါ့အငံမြည်းပြီး ဆားလိုနေလျှင်
ဆားထည့်ပါ။ အနေတော်ဖြစ်လျှင် မီးပိတ်လိုက်လို့ရပါပြီရှင်။