သီးစုံပဲကုလားဟင်း

ဒီနေ့တော့ သီးစုံပဲကုလားဟင်းချက်စားဖြစ်ပါတယ်။

ပဲဓါတ်ဟာ သက်သတ်လွတ်စားသုံးတဲ့သူတွေအတွက် အဓိက အသားဓါတ်ကိုပေး
တဲ့အတွက် မကြာခဏဆိုသလို သက်သတ်လွတ်သမားတွေစားသုံးဖို့သင့်လျော်ပါ
တယ်။ ပဲဟင်း ကို ပဲစင်းငုံ၊ ပဲနီလေး၊ ပဲဝါလေး စတဲ့ ပဲတွေနဲ့လဲ ချက်ပြုတ်နိုင်ပါတယ်။
ရှင်မင်းကတော့ ကုလားပဲ နဲ့ ချက်ပါတယ်။

လိုအပ်တဲ့အဆာပလာတွေကတော့

ကုလားပဲ
ခရမ်းသီး
ရုံးပတီသီး
ခရမ်းချဉ်သီး
မုန်လာဥနီ (သို့) ခါကြက်ဥ
ဇီယာ
ဖာလာစေ့
ပဲနသာစေ့
မုန်ညှင်းစေ့
အရောင်တင်မှုန့် (ငရုပ်သီးမှုန့်)
နနွင်း
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ
ဆား
ဆီ
မကျည်းမှည့်ရည် တို့ပါပဲ။

ပဲကိုမချက်မှီ ရေ တနာရီ ခန်းစိမ်ထားပါတယ်။ ပြီးလျှင် ပဲကိုအိုးကြီးကြီးမှာ ယောင်းမ
တပ်ပြီး တည်ထားပါတယ်။ ပဲအိုးတည်ထားစဉ်မှာ အသီးအနှံတွေ လှီးချွှတ် ရပါမယ်။
အိမ်မှာအသင့် ရှိတဲ့ ဟင်းသီးဟင်းရွက် မျိုးစုံကိုပဲဟင်းထဲထည့်ချက်နိုင်ပါတယ်။ ရှင်မင်း
အပေါ် က ရေးခဲ့တဲ့ အသီးအနှံတွေအပြင် ပန်းဂေါ်ဖီ၊ ဒန့်တလွန်သီး၊ အာလူး နဲ့ ဘူးသီး
စတဲ့ အသီးအနှံတွေကိုပါထည့်သွင်းချက်ပြုတ်နိုင်ပါတယ်။

ပဲကျက်ပြီ ဆိုလျှင် တဘက်က ဒယ်အိုးမှာ ဆီ ပူအောင်တည်ပြီး၊ မုန်ညှင်းစေ့၊ ဖာလာစေ့
ပဲနသာစေ့၊ ဇီယာ တို့ကိုဆီသတ်ပါတယ်။ အစေ့အကြီးတွေကိုအရင်ထည့်ပြီး၊ တအောင့်
နေမှ အစေ့သေးတွေကိုထည့်ပါတယ်။ အနံမွှေးလာလျှင် ကြက်သွန်ဖြူ၊ နီ လှီးထားတာကို
ထည့်ပါတယ်။ နနွင်း၊ အရောင်တင်မှုန့် တို့ပါ ထည့်ပြီး အသီးအနှံတွေထဲမှ အမာဆုံးအသီး
အနှံ ကျက်ချိန်အကြာဆုံးမှ အကျက်အလွယ်ဆုံးထိ အစဉ်အတိုင်းထည့်ပါ။ ရှင်မင်းကတော့
မုန်လာဥနီ အရင်ထည့်ပါတယ်၊ ပြီးမှ ခရမ်းသီး  ၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး တို့ကိုထည့်ပါတယ်။
ရေစပ်စပ်ကလေးထည့်ပြီးအဖုံးအုပ်ထားရပါမယ်။ အသီးအနှံတွေ မကျက်တကျက်ဖြစ်နေ
ချိန်မှာပဲ စောစောက ပဲပြုတ်ထားတာတဲ့ အိုးထဲကို ထည့်လိုက်ပါတယ်။ ရေအနည်းငယ်
ထည့်ပြီး၊ ခဏထားပါ။ ဆားအပေါ့အငံမြည်းပြီး ဆားထည့်ပါ။ ချကားနီးလျှင်မကျည်းမှည့်ရည်
ဖျော်ထားတာကိုလောင်းထည့်ပါ။ ပဲရော၊ အသီးအနှံတွေပါနူးလျှင် နံနံပင်လေးအုပ်ပြီး မီးပိတ်
နိုင်ပါပြီ။

ပဲဟင်း ကို ပါပရာကြော်၊ သရက်သီးသနပ် များနဲ့ တွဲဖက်သုံးဆောင်ပါက အလွန်လိုက်ဖက်လှ
ပါတယ်။

3 comments:

ThuHninSee said...

ဒီနေ့ချက်စားတယ်။ ရှင်မင်းဟင်းလောက် ကြည့်ရတာ မလှဘူးရယ်။

ရွှေဂျမ်း said...

ပဲကုလားဟင်းကို အရမ်းကြိုက်သူမို့ လာအားပေးသွားပါတယ်။ ဒီရုံးပိတ်ရက်ကို ချက်စားဖို့ ကြိုးစားလိုက်ပါဦးမယ်။

Shinmin said...

မမွန် နဲ့ ရှင်မင်း သုံးတဲ့ spice မတူတာထင်တယ်။ ရှင်မင်းက
paprika ရော၊ chilly powder ပါ ထည့်
တယ်။

မရွှေဂျမ်းရေ ချက်ဖြစ်ရင် ပြောပါဦးနော်၊ လာစားမယ်။