မျှစ်နဲ့ပဲပြုတ်

ဒီနေ့တော့ ပဲပြုတ်လေးကျန်တာနဲ့ မျှစ်လေးနဲ့ သက်သတ်လွတ်လေး ကျော်စားဖို့
စဉ်းစားမိပါတယ်။ မျှစ်မှာ အနံ့ မခံနိုင်ရင်တော့ သံဗူးတွေနဲ့ ဆိုရင်အနံ့မရှိတတ်ပါ
ဘူး။ မြန်မာပြည်ကလို ဈေးထဲကမျှစ်အနံ့မျိုးကြိုက်တတ်ရင်တော့ လှီးပြီးသား
ယိုးဒယားနိုင်ငံက အထုပ်လေးတွေဝယ်ယူလို့ရနိုင်ပါတယ်။

မျှစ်နဲ့ပဲပြုတ်ကြော်အတွက်လိုအပ်တဲ့ အရာတွေကတော့

ကြက်သွန်နီ
ပဲပြုတ် (သို့မဟုတ်) Green Pea
မျှစ်
နနွင်း
ဆီ
ဆား တို့ပါပဲ။

မျှစ်ကိုရေဆေးပြီး ရေစစ်ထားရပါမယ်။ ဆီအိုးတယ်ပြီး ကြက်သွန်နီ
တလုံး မထူမပါးလှီးထားတာကို နနွင်းအနည်းငယ်ထည့်ပြီးကြော်ပါ
မယ်။ ကြက်သွန်နီ လေးတွေနွမ်းလာပြီ ဆိုလျှင် ပဲပြုတ်ထည့်၊ မျှစ်
ထည့်ပြီး ဆက်ကြော်ပါ။ မျှစ် မကျက်မချင်း ရေအနည်းငယ်စီထည့်
ထည့်ပြီး ကြော်ပေးပါ။ မျှစ် နုလျှင် ခဏလေးနည်းရပြီး၊ ရင့်နေရင်
ရေ ခဏခဏထည့်ပြီး ကြော်ရပါတယ်။ ဆားအနည်းငယ်ထည့်ပြီး၊
အပေါ့အငံအနေတော်လောက်ဆိုလျှင် မြည်းပြီး မီးပိတ်လို့ရပါပြီ။

0 comments: