ပဲထမင်း နှင့် ကြက်သားမဆလာဟင်း

ပဲထမင်း နှင့် ကြက်သားမဆလာဟင်း

တလောက စန္ဒကူးမေဘလော့ဂ် လေးမှာ ပဲထမင်းချက်နည်းလေးတွေ့  လို့
ချက်ကြည့်ဖို့ စဉ်းစားမိပါတယ်။ အရင်က ဒီလိုသေသေချာချာ မချက်တတ်
ပါဘူး ဒီတခါတော့ ကူးကူး ရဲ့  နည်းအတိုင်းချက်လိုက်တာ၊ ပဲရော ထမင်းပါ
မမာမပျော့ဘဲ အနေတော်လေးမို့ စားလို့အဆင်တော်တော်ပြေပါတယ်။ အိမ်
က ညီမကိုတော့ သက်သတ်လွတ်သမားမို့ အာလူးဟင်းကိုပြစ်ပြစ်လေးချက်
ပေးလိုက်ပါတယ်။ ရှင်မင်းကတော့ ကြက်သားမဆလာဟင်းစပ်စပ်လေးချက်
လိုက်ပါတယ်။

ပဲထမင်းအတွက်လိုအပ်တာတွေကတော့

ကုလားပဲ
ထောပတ်
ဆား
သကြား
ကရဝေးရွက်
နာနတ်ပွင့်
သစ်ဂျပိုးခေါက်
ကြက်သွန်နီ တို့ဖြစ်ပါတယ်။


အရင်ဆုံးပဲကို ရေစိမ်ထားရပါမယ်။ ရေစိမ်ပြီး ပဲ ကို သိပ်မကျက်ခင်လေးချလိုက်ရပါမယ်။
အရမ်းပျော့သွားတဲ့အထိမပြုတ်ပါနဲ့နော်။ ပြီးလျှင် ကြက်သွန်နီ လှီးထားတာကိုဆီအိုးပူပူ
မှာ ထည့်ဆီသပ်ပါတယ်။ ကြက်သွန်နီဖတ်လေးတွေနွမ်းလာလျှင် အမွှေးနံသာတွေထည့်
ပါ။ အနံ့မွှေးလာလျှင် ပြုတ်ထားတဲ့ ပဲကိုရေစစ်ပြီးထည့်ပါ။ ထောပတ် လက်ဖက်ရည်ဇွန်း
နဲ့ ၂ စွန်း လောက်ထည့်ပါ။

ဆန်ကိုတော့ ဆီမသပ်ခင်တည်းက ထမင်းပေါင်းအိုးနဲ့ ခါတိုင်းထမင်းချက်သလို ချက်
ထားပါတယ်။ ဆီသပ် ပြီးချိန်နဲ့ ထမင်းအိုးခလုတ်မတက်ခင်လေး အချိန်ကိုက်ထားလိုက်
ပါတယ်။ စောစောဆီသပ်ထားတဲ့ ပဲ ၊ ဆား တီးစပွန်း ၁ဇွန်း၊ သကြား ၁ ဇွန်းခွဲ ခန့် ထည့်ပြီး
ထမင်းအိုးထဲသို့ထည့်ပြီး သမအောင် ဖွပေးပါ။ မမွှေပါနဲ့နော်၊ ထမင်းတွေမကြေအောင်အသာ
လေး အပေါ်အောက် ထမင်းခတ်တဲ့ဇွန်းနဲ့ ဖွပေးပါ။ အားလုံးသမသွားလျှင် ထမင်းအိုးကျက်
သည်အထိ ဆက်ချက်ပါ။ ထမင်းနည်းနည်းမာလျှင် ရေလေးဖြန်းပြီး ခဏအပူထပ်ပေးနိုင်
ပါတယ်။

ကြက်သားမဆလာဟင်း

ကြက်သားမဆလာဟင်းအတွက်

ကြက်သား
ကြက်သွန်နီ
ချင်း
ကြက်သွန်ဖြူ
ပဲငံပြာရည်အနောက်
ဆား
ငရုပ်သီးမှုန့် (အရောင်တင်)
နနွင်း
မဆလာ တို့ပါပဲ။

ကြက်သားကို ဆား ၊ နနွင်းထည့်ပြီး နယ်ထားပေးပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ချင်း တို့ကို ဆီသပ်ပါ။ အနံ့မွှေးလာလျှင် ကြက်သားထည့်၊ ငရုပ်သီးမှုန့် ထည့်ပြီး ဆက် ဆီသပ်ပါ။
ခဏနေလျှင် ပဲငံပြာရည်အနောက် အရောင်ရရုံလေးထည့်ပါ။ ရေစပ်စပ်ကလေးထည့်ပြီးအဖုံးအုပ်
ထားရပါမယ်။ ရေနည်းနည်းစီထည့်ပြီး မီးအရှိန်လျော့ပြီး ချက်ပါ။ ကြက်သားကျက်လျှင်၊ မဆလာ
အနည်းငယ်ထည့်ပြီး ၊ ရေထပ်ထည့်ပြီးအဖုံးအုပ်ချက်ပါ။ ကြက်သားကို မိမိစားသုံးလိုသလောက်
ကျက်ပြီဆိုလျှင် မီးပိတ်လို့ရပါပြီ။



ပဲထမင်းရော၊ ကြက်သားဟင်းပါပြီးပြီမို့၊ တလောက ကျော်ထားတဲ့ ဗလချောင်ကြော်လေးနှင့်တွဲ
ဖက် စားဖြစ်ပါတယ်။


ပဲထမင်းချက်နည်းအတွက် ကူးကူးကိုဒီနေရာလေးကနေ ကျေးဇူးတင်ကြောင်းပြောပါရစေနော်။

0 comments: