ရွှေချည်ဆနွင်းမကင်း
မဆောင်းနဲ့တကွ တခြားသူတွေတောင်းထားတဲ့ ရွှေချည်ဆနွင်းမကင်းကို
ဦးကြီးပုစာအုပ်ထဲကအတိုင်း ကူးယူဖော်ပြပါတယ်။
ရှင်မင်းခုတလော မအားတာမို့  နောက်ကျသွားတာကို ခွင့်လွှတ်နားလည်
ပေးကြပါရှင်။
ရွှေချည်ကောင်းကောင်း တပိဿာ
သကြား တပိဿာ ၂၅ကျပ်သား
ထောပတ် ၁၂ ကျပ်ခွဲသား
ဆီ ၂၅ ကျပ်သား
အုန်းသီး ၅ လုံး
ကြက်ဥ၊ ဘဲဥ ၈ လုံး
မုန့်စားထောပတ် ပေါင် တစိတ်
နွားနို့ (သို့) နို့စိမ်းတဗူး ငါးဆယ်သား
သပျက်သီး ၅ ကျပ်သား
ဘိန်းစေ့ ၂ ကျပ်သား
ရွှေချည်ကို အမှိုက်သရိုက်များ ကင်းစင်အောင် ဇကာဖြင့် ပြာပစ်ပြီး လျှင် ဒယ်အိုးတွင်
နီရောင်လာအောင် လှော်၍ ဆယ်ကာ အအေးခံထားပါ။
ကြက်ဥ ၈ လုံး ကိုလည်း အကာတခြား ၊ အနှစ်တခြား ခေါက်ထားပါ။ အုန်းသီး ၅ လုံး
ကိုလည်း ညှစ်ထားပါ။ ပြီးလျှင်ရွှေချည်၊ နွားနို့ ၊ ကြက်ဥ တို့ကို သကြားပါထည့်၍ အရည်
ပြစ်ပြစ်ဖျော်ပါ။ ၄င်းနောက် သံဒယ်အိုးတွင် ဆီချက်ပါ။ ၄င်း ဆီချက်ထဲသို့ ဖျော်ထားသော
ရွှေချည်များ ထည့်မွှေပါ။ ရေခန်းသွားလျှင် သပျက်သီး ထည့်မွှေပြီး၊ သမသွားသောအခါ
ခဏချ ဖုတ်မည့် နနွင်းမကင်း အိုးတွင် ထည့်ပါ။ မုန့် မျက်နှာပြင်ကို ညီအောင်ညှိ၍ ဘိန်း
စေ့များ ဖြူးပါ။ ၄င်းနောက် ထောပတ်နှစ်မျိုးကို လောင်းထည့်ပြီး အောက်မီးအနည်းငယ်
အပေါ်မီး များများထည့်၍ ဖုတ်ပါ။ အပေါ်မှနီရောင်လာလျှင် မီးများဖယ်ပစ်ရန် မမေ့ပါနှင့်၊
သတိပြူပါ။
09:35
|
Labels:
ရွှေချည်ဆနွင်းမကင်း
|
You can leave a response
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment