ပြောင်းဖူးထောင်းကြော်
အိမ်မှာသက်သတ်လွတ် အမြဲ စားနေတဲ့ညီမလေး ရှိနေတော့ တခုမဟုတ်တခု
စီစဉ်ပေးရပါတယ်။ အချဉ်တွေ ၊ အစပ်တွေ ချက်နေကျထက် အချိုအဆိမ့်အရ
သာလေးပြောင်းချက်ဖို့ စီစဉ်ရာက ပြောင်းဖူးထောင်းကြော်ကို စဉ်းစားမိပါတော့
တယ်။
ပြောင်းဖူးထောင်းကြော်အတွက်လိုအပ်သော အရာများမှာ
ပြောင်းဖူး
ကြက်သွန်နီ
ဆီ
သကြား
နွားနို့
ဆား
ပြောင်းဖူးအဖူးလိုက်ဆိုလျှင် ရေဆေးပြီး ဓါးနဲ့ ခြစ်ချရပါမယ်။ ရှင်မင်းကတော့
လွယ်ကူတဲ့ Frozen အထုပ်ကိုဝယ်ပြီး မကြော်ခင်ခဏထုတ်ထားပါတယ်။
ခဲနေရင် Microwave နဲ့ အနည်းငယ်အပူပေးပြီး၊ ပြောင်းဖူးကို ကြိတ်ပါတယ်။
ကြိတ်ဖို့ အဆင်မပြေရင်ထောင်းလဲ ရပါတယ်။
ကြက်သွန်နီ တလုံးကိုလဲ မထူးမပါးလှီးထားရပါမယ်။ ဆီအိုးတည်ပြီးလျှင် ကြက်သွန်
နီ ကို နနွင်းအနည်းငယ်ထည့်ပြီး ဆီသပ်ပေးရပါမယ်။ ကြက်သွန်နီတွေ ရွှေဝါရောင်
သန်းလာလျှင် ထောင်းထားတဲ့ပြောင်းဖူး ကိုထည့်ပြီး ကြော်ပေးပါ။ မီးအရှိန်လျှော့ပြီး၊
ဆား နှင့် သကြားအနည်းငယ်စီထည့်ကြော်ရပါမယ်။ အိုးမကပ်အောင် ဂရုစိုက်ပေးပါ။
တဆက်တည်း နွားနို့ အနည်းငယ်ထည့်ပြီး ဆက်ကြော်ပါ။ နွားနို့ မထည့်လျှင်လည်းရ
ပါတယ်။ ပြောင်းဖူးကြက်လောက်ပြီဆိုလျှင် မီးပိတ်ပြီး အိုးကိုချလို့ရပါပြီ။
လွယ်ကူအဆင်ပြေပြီး ၊ ခရမ်းချဉ်သီးထောင်း ၊ ပဲပုပ်ခရမ်းချဉ်သီးချက်၊ငရုပ်သီးထောင်း
စတဲ့ အမယ်တွေနဲ့ တွဲဖက်စားသုံးပါက ထမင်းအလွန်မြိန်ပါသည်။
17:26
|
Labels:
သက်သတ်လွတ်,
ပြောင်းဖူးထောင်းကြော်
|
You can leave a response
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment