ဘာလချောင်ကြော်

ဘာလချောင် အခေါ်အဝေါ် မှာ Balachan ကနေ ဆင်းသက်လာတယ်
လို့ထင်ပါတယ်။အရှေ့ တောင်အာရှနိုင်ငံတော်တော်များများမှာ ငါးပိ၊ 
ငါးခြောက် စတာတွေကို Balachanလို့ခေါ်ဝေါ်ကြပါတယ်။ အိန္ဒိယဆိုင်တွေ
မှာ ပုဇွန်ခြောက်ကြော်ဘူးလေးတွေကိုရောင်းတတ်ပါတယ်။ ကိုယ်တိုင်ကြော် 
စားတာက ၀ယ်စားတာထက် ကျန်းမာရေးအတွက်လဲကောင်းသလို၊ ပိုက်ဆံ
အကုန်လဲသက်သာလှပါတယ်။

ဘာလချောင်ကြော်ကို ပုဇွန်ခြောက်ကြော်လို့လဲခေါ်ကြပါတယ်။ အလှူအတန်းတွေမှာ
မပါမဖြစ်ဟင်းရံ တမျိုးလဲဖြစ်ပါတယ်။ ရှင်မင်းကတော့ ဟင်းမပါဘဲ ဘာလချောင်
ကြော်လေး ၊ သခွားသီးလေး နဲ့ ထမင်းလေးစားလိုက်ရရင်ပဲ အတော်တင်းတိမ်ပါတယ်။
ဟင်းခဏခဏမချက်ချင်သူများအတွက်လဲတခါကြော်ထားပြီး၊ လေလုံတဲ့ ပုလင်းထဲမှာ
သိမ်းထားရင်ကြာရှည်အထားခံပါတယ်။


ဘာလချောင်ကြော်အတွက် လိုအပ်တဲ့အရာတွေကတော့

ပုဇွန်ခြောက်အမှုန့်
ငရုပ်သီးအရောင်တင်မှုန့်
ငရုပ်သီးခြောက် (ကြိတ်ပြီး)
ဆီ
နနွင်း
ဆား
ငံပြာရည်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငါးပိ (မထည့်လျှင်ရပါတယ်။)

အရင်ဆုံးကြက်သွန်နီ ကို ခပ်ပါးပါးလေးတွေညီညီလေးလှီးထားရပါမယ်။
အရွယ်အထူအပါးမတူတဲ့အခါ ကြော်ရင် တူးတာတူးမကျက်တာမကျက်
ဖြစ်တတ်လို့ပါ။ ကြက်သွန်ဖြူကိုလဲ အ၀ိုင်းလေးတွေ ရွယ်တူဆိုဒ်တူ လေး
လှီးရပါမယ်။


ဆီပူပူထဲကို နနွင်းထည့်ပြီး ကြက်သွန်ဖြူကြော်ပါမယ်။ မီးသိပ်မပြင်းစေဘဲ
ကြော်ပါ။ အရောင်လေးဝါလာတာနဲ့ အိုးကိုမီးဖိုပေါ်က ဖယ်ပြီး ကြက်သွန်ဖြူ
ဖတ်လေးတွေကိုဆယ်ယူပါ။ ဆီအပူကအရှိန် နဲ့ ဆီထဲမှာ ကြက်သွားတာ
ကြောင့် မိမိလိုတာထက် ကြိုပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားတာပါ။ မီးဖိုမီး
အရှိန်ကြောင့်လဲ တူးသွားတတ်ပါတယ်။ ပြီးလျှင်သပ်သပ်ဖယ်ထားပါ။

ကြက်သွန်နီကိုလဲ နနွင်းထည့်ထားတဲ့ဆီပူပူမှာ စိတ်ရှည်လက်ရှည်ကြော်ပါ။
ကြက်သွန်နီလေးတွေ ရွှေဝါရောင်သန်းလာရင် မီးအရှိန်လျှော့ပြီး သပ်သပ်
ဖယ်ထားရပါမယ်။

ကျန်တဲ့ဆီများနေလျှင် အနည်းငယ်ဖယ်ပြီး၊ ပုဇွန်ခြောက်မှုန့် ကိုကြော်ရပါမယ်။
ပုဇွန်ခြောက် ကိုဆီ နဲ့ လိမ့်ပေးနေပါ။ အနံ့လေးသင်းလာလျှင် ငရုပ်သီး အရောင်
တင်မှုန့်၊ ငရုပ်သီးခြောက်ကြိတ်ထားတာပါ ရောထည့်ကြော်ပါ။ မီးအရှိန်ကိုအနိမ့်
ဆုံးအထိ ထားပြီးကြော်ပါ။ မီးအရှိန် မလျှော့ရင် ငရုပ်သီးတွေ ကျွမ်းသွားတတ်
ပါတယ်။ ငရုပ်သီး ကျက်လျှင်မွှန်လာပါလိမ့်မယ်၊ တချိန်တည်းမှာပဲ လိုအပ်တဲ့
ဆား၊ အချိုမှုန့်၊ ငံပြာရည်တို့ကိုမိမိ တို့ ကြိုက်သလောက်မှန်းထည့်ပါနော်။
ငါးပိ ထည့်မယ်ဆိုရင်တော့ ပုဇွန်ငါးပိလေးကို ရေနွေးလေးနည်းနည်းရောပြီး
ခြေပြီးထည့်ပါနော်။ ငါးပိထည့်မယ်ဆိုရင် ငံပြာရည်၊ ဆားတို့ကို လျှော့ထည့်ပါနော်။
ပုဇွန်ခြောက်လေးတွေ ကျွတ်ရွလာရင်တော့ အပေါ့အငံလေးမြည်းပြီး မီးပိတ်လိုက်
လို့ရပါမယ်။ ပုဇွန်ခြောက်ကြော်ကို အိုးထဲမှာပဲ အအေးခံထားရပါမယ်။

ပုဇွန်ခြောက်ကြော်အေးသွားပြီ ဆိုလျှင် ကြက်သွန်ဖြူ၊ နီ ကြော်ထားတာနဲ့ ရောလိုက်
ပါ။ ပုဇွန်ခြောက်ကြော်ကို ပုလင်းသန့်သန့် ထဲမှာလေလုံအောင် သိမ်းထားပါ။ ဘာလ
ချောင်ကြော် ကို သရက်သီးစိမ်း၊ သခွားသီး၊ ဘူးသီပြုတ် ၊ သံပုရာသီးစိပ်ကလေးများ
နှင့်တွဲဖက်သုံးဆောင်ပါက အလွန်ထမင်းမြိန်လှပါတယ်။ 


3 comments:

Unknown said...

အရောင်နဲနဲမွဲနေသလားလို့ :silly:

Shinmin said...

သြော် တော်တော် ရန်လာစနေပါလား။
အကုန် မျက်မှန်စိမ်းတပ်ကြည့်နေတော့တာပဲ။
ကိုဂျူးအရင်ကြော်ပြ။

Unknown said...

ဒီက ဘာလချောင်ကြော်လဲ မဆိုးဘူး။ ရယ်ဒီမိတ်။ နောက်တခါ ပို့ ပေးလိုက်မယ်။ :P