ငါးမြင်းဆီပြန်

ငါးမြင်းဆီပြန်ကတော့အလွယ်ချက်ငါးဟင်းလေးပါ။ ငါးမြင်း မရှိလဲ Butterfish အမျိုးအစား
တွေသုံးလို့ရပါတယ်။ အသားများတဲ့ ငါးအမျိုးအစား တိုင်းငါးမြင်းဆီပြန်လိုချက်စားနိုင်ပါ
တယ်။

လိုအပ်တဲ့အရာတွေကတော့

ငါး
ခရမ်းချဉ်သီး
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုပ်သီးစိမ်း
အရောင်တင်မှုန့်
ဆား
နနွင်း
နံနံပင်

ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတာကို ဆီးအိုးပူပူမှာ ဆီသပ်ပါတယ်။
ငါးကိုတော့ ဆား၊ နနွင်း နဲ့ နယ်ထားပေးပါ။ ကြက်သွန်ဖြူ၊ နီ တို့ အနံ့  မွှေးလာ
ရင် အရောင်တင်မှုန့်  နဲ့ ခရမ်းချဉ်သီး လေးစိပ်စိပ်ထားတာထည့်ပါ။ အရောင်တင်
မှုန့် မီးမကျွမ်းအောင် ရေခပ်စပ်စပ်လေးထည့်ပြီးချက်ပါတယ်။ ခရမ်းချဉ်သီးတွေ
ကျေလောက်ရင် နယ်ထားတဲ့ငါးကိုထည့်ပြီး၊ ရေအနည်းငယ်ထည့်ပြီးဆက်ချက်
ပါတယ်။ အပေါ့အငံအတွက် ငံပြာရည်လေး ထည့်နိုင်ပါတယ်။ ငါးကျက်လောက်ပြီ
ဆိုလျှင် ငရုပ်သီးစိမ်း ထက်ခြမ်းခွဲ၊ နံနံပင် တို့ကိုအုပ်ပြီး ၊ ဟင်းအိုးချနိုင်ပါပြီ။

0 comments: