ပုဇွန်ခြောက် ပန်ကိတ်

ပုဇွန်ခြောက်ပန်ကိတ် လုပ်နည်းလေးကို Rasa Malaysia မှာဖတ်မိပြီး ၊ စမ်းကြည့်
ထားတာပါ။ ဈေးမသွားဖြစ်၊ ဘာမှလဲ ချက်ချင်စိတ်မရှိတဲ့ အခါများ လုပ်စားလို့ အဆင်
တော်တော်ပြေပါတယ်။ ဟင်းချက်ရမှာ ပျင်းနေရင်လဲ အလွယ်တကူ မြန်မြန် ဆန်ဆန်
နဲ့ လုပ်စားနိုင်တဲ့ ပုဇွန်ခြောက်ပန်ကိတ်လေးပါပဲ။ Pancake ကို အင်္ဂလိပ်တွေကတော့
နံနက်စာအဖြစ်စားကြပါတယ်။ ဒီနည်းကတော့ Pancake ကို အေးရှန်း တွေ နဲ့ အစပ်
အဟပ်တည့်အောင် ကိုယ်နည်းကိုယ့်ဟန်ပြင်ထားပုံရပါတယ်။

မူရင်း လုပ်နည်းမှာ မိနစ် ၃၀ ပဲကြာတယ်ဆိုလို့၊ စိတ်ဝင်စားသွားလဲပါတယ်။ မိနစ် ၃၀
ဆိုတာ အချိန်တိုတိုလေးရယ်၊ ခေါက်ဆွဲခြောက် တွေချည်းစားဖြစ်နေရင် ဒါလေး
ပြောင်းလုပ်စားကြည့်ဖို့ အကြံပေးပါရစေနော်။

လိုအပ်တဲ့ အရာတွေကလဲ မီးဖိုချောင်တိုင်းမှာ အလွယ်တကူ ရှိနိုင်တာတွေပါပဲ။

ကြက်ဥတလုံး
ဂျူံမှုန့်တခွက်
ရေတခွက်
ဂေါ်ဖီတခွက် ပါးပါးလှီးထားရန်
ပုဇွန်ခြောက်
ဆား
သကြား
ငရုပ်ဆီ


အရင်ဆုံး ဂျူံမှုန့်တခွက်၊ ရေတခွက် နဲ့ ကြက်ဥ တလုံးတို့ကို ရောခေါက်ပါတယ်။
ဆားအနည်းငယ်နဲ့ ၊ သကြားအနည်းငယ် ကိုပါထည့်ပါ။ ဂေါ်ဖီကို ပါးပါးလေးလှီး
ထားပြီးထည့်ပါ။ အားလုံးသမလောက်ရင် ၊ ရေနွေးစိမ်ထားတဲ့ ပုဇွန်ခြောက်ကို
ဆယ်ထည့်ပါ။

မှုန့်နှစ်ရည်အသင့်ရပြီ ဆိုလျှင်၊ ဒယ်ပြားထဲသို့ ဆီအနည်းငယ်ထည့်ပြီး မှုန့် နှစ်
ကိုမထူမပါး ဇွန်းနဲ့ ထည့်ပြီး ပြန့်အောင် ကြော်ပါ။ တဘက်က ရွှေဝါရောင်သန်းလာ
လျှင် တဘက်လှန်ပြီးဆက်ကြော်ပါ။ တခြားတဘက်ပါ ကျက်လာလျှင် ရပါပြီ။
မိမိတို့ ကြိုက်တဲ့ ငရုပ်ဆီ အချဉ် နဲ့ တို့စားနိုင်ပါတယ်။

2 comments:

ကလိုစေးထူး said...

ဒီလေးခုထဲနဲ့တော့ ဗိုက်ဝမှာ မဟုတ်ဘူးထင်တယ်။ :D

Shinmin said...

ရော ..အဆာပြေ ပါဆို။