မီးဖိုချောင်မှတ်ဖွယ်မှတ်ရာ (၄)

(၁) တရုတ်ဟင်းလျာတွေချက်ဖို့ အသား အချောင်းလေးတွေလှီးရမယ်ဆိုလျှင်၊ အသား
     ကို မခဲတခဲ ဖြစ်နေချိန်မှာ လှီးရင်ပိုမိုလွယ်ကူပါတယ်။

(၂) အသားကင်တဲ့ အခါမှာ အသားချည်းသက်သက် ကင်ခြင်းထက်၊ အရိုးပါသောအသား
     ကို ကင်ခြင်းက ပိုအကျက်မြန်ပါသည်။ အကြောင်းမှာ အရိုးက အသားထဲသို့ အပူရှိန်
      ကို ရောက်ရှိစေခြင်းကြောင့်ဖြစ်ပါသည်။

(၃)  ဘာဂါအတွက် အသားပြားကို နူးညံ့စေလိုလျှင် ၊ အသားထဲသို့ ရေခဲရေ ထည့်နိုင်ပါသည်။ 
      အသား ၁ ပေါင်လျှင် ၊ ရေခဲရေ ကော်ဖီခွက် တ၀က်ခန့်ထည့်နိုင်ပါသည်။

(၄) ပန်းဂေါ်ဖီ ချက်ပြုတ်ရာတွင် အရောင်ညစ်မသွားစေရန်၊ နွားနို့ အနည်းငယ်ထည့်ပြီး ချက်
      ပြုတ်နိုင်ပါသည်။

(၅) အားလူးကို ရေခဲရေ ထဲတွင် နာရီဝက်ခန့် အနည်းဆုံးစိမ်ပေးခြင်းဖြင့် ၊ အာလူးကြော်တဲ့
     အခါ ကျွတ်ရွမှုကိုပေးပါသည်။

(၆)  Salad ပြုလုပ်ရာတွင် သံ အိုးခွက်ပန်းကန်များအစား၊ အခြား သစ်သား၊ ဖန်၊  စသော
      ပန်းကန်များကိုသာ အသုံးပြုပါ။

(၇)  ကြက်သွန်ဖြူ အခွံနွှာရခက်နေပါသလား၊ မိုက်ခရိုဝေ့ဖ် ထဲတွင် ၁၅စက္ကန့်လောက်အပူပေး
      ပြီးခွာလျှင် လွယ်ကူသွားပါလိမ့်မယ်။

(၈)  ကြက်ဥပြုတ်၊ ဘဲဥပြုတ် တို့ကို ဓါးနှင့်လှီးလိုလျှင် ၊ မကပ်အောင် ဓါးကို အရည်ဆွတ်ပေးနိုင်ပါ
      တယ်၊ ဒါမှမဟုတ် Cooking Spray ကိုဖြန်းပေးနိုင်ပါတယ်။


(၉)  Celery များကို လပ်လပ်ဆတ်ဆတ်သိမ်းဆည်းလိုလျှင်၊
aluminum foil နဲ့  ထည့်ပြီး ရေခဲသေတ္တာ ထဲတွင် သိမ်းထားနိုင်ပါသည်။

(၁၀)  အားလူးကြော်၊ ငါးမုန့်ကြော် ၊ ပါပရာကြော် စသည့်အကြော်များ ပျော့သွားလျှင် Oven ကို300 F အပူချိန် ကြိုပေးထားပါ။ Baking sheet ပေါ်တွင်အကြော်များကို ဖြန့်ကျဲပေးပြီး ၅မိနစ်ခန့် ထားပါ။ ပြီးလျှင်အအေးခံပြီး ပလတ်စတစ် အိတ် (သို့မဟုတ်) ဘူးထဲသို့ လေလုံစွာထုတ်သိမ်း ထားနိုင်ပါသည်။

0 comments: