စတော်ဘယ်ရီဖျော်ရည်
- Double Cream
- Strawberry
- Raspberry
- Sugar
- Ice
စက်ဖျော်ကြိုက်ရင်တော့စက်ထဲမှာ အကုန်ထည့်ပြီး
မွှေရုံပါပဲ။ ဖျော်မယ့်စက်ထဲကို Strawberry တဖန်ခွက်၊
Raspberry ဖန်ခွက်တ၀က်၊ Doublecream အနေတော်၊ သကြားရည် တို့ကိုရော
ထည့်ပါ။ ပြီးလျှင်ရေခဲထည့်ပြီးသုံးဆောင်နိုင်ပါတယ်။
Raspberry ထည့်တာကတော့Strawberry ကအချဉ်ဓါတ်သိပ်မရှိလို့ အီမှာဖြစ်လို့ ၊ အချဉ်လေးထည့်လိုက်တာပါ။ Raspberry မထည့်ဘဲ Strawberry ချည်းသပ်သပ် အထက်ပါနည်းအတိုင်းဖျော်နိုင်ပါတယ်။
လက်ဖျော်ဖျော်လိုလျှင် အရင်ဆုံးအသီးတွေကို အနေတော်ဖြစ်အောင်ချေပြီးမှ ဖျော်ရပါမယ်။
လက်ဖြင့်လှည့်သော ကြိတ်စက်ဖြင့်လဲ ကြိတ်နိုင်ပါတယ်။
ပီးနပ်လေးအတွက် စတော်ဘယ်ရီ ဖျော်ရည် ပါ။
ပုံရိုက်ဖို့ အဆင်မပြေလို့အင်တာနက်ပေါ်ကပဲ ရှာတင်လိုက်ပါတယ်။
16:44
|
Labels:
အချိုပွဲ
|
You can leave a response
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment