ကြက်သားကာလသားချက်

“ဟိုကောင်မလေးနှစ်ယောက် ဒီနေ့ ထမင်းရောစားရဦးမှာလားဟေ့...” ဟု
မမခိုင်ကအိပ်ခန်းထဲမှလမ်းငေါက်လိုက်လေသည်။ ကျွန်မနှင့် မိဇူး နှစ်ယောက်
သား ဇက်ကလေးတွေပုလို့ ဟင်းအမြန်ချက်ဖို့ စီစဉ်ကြလေသည်။ပြောလဲပြောချင်
စရာပင် တညလုံး ကိုးရီးယားဇာတ်လမ်းတွဲကြည့်ပြီးနံနက် ၁၀နာရီကျော် မှ
နိုးလေသည်။

“ဟဲ့ ငါတို့ ၁၂နာရီမကျော်ခင်ပြီးပါ့မလား မမ က ဥပုပ်စောင့်မှာဟ” မိဇူး က 

တိုးတိုးလေးပြောသည်။

ကျွန်မလဲ အရဲစွန့် ကာ “အချိန်မှီမှာပါ” ဟု ပြန်ပြောရင်း ရင်တထိတ်ထိတ်ဖြစ်

လာလေသည်။နှစ်ယောက်သား ခေါင်းချင်းတိုက်ကာ အမြန်ချက်နိုင်သော 
ဟင်းများကို ကြံဖန်ရပါတော့သည်။ကြက်သား ကာလသားချက်၊ 
ခရမ်းချဉ်သီးထောင်းနှင့် ငါးပိရည်တို့စရာ တို့ချက်ရန်စီစဉ်ရလေသည်။

ကြက်သားကာလသားဟင်းမှာ အရည်ရော၊ အသားရော၊ အသီးပါ ပါဝင်

သောကြောင့် ချက်ရလွယ်ကူမြန်ဆန်သောကြောင့် ကျွန်မ မကြာခဏ ချက်စားဖြစ်သောဟင်းတမျိုးလဲဖြစ်ပါသည်။


ကြက်သားကို အရိုးအသားရောကာ အနေတော်အတုံးကလေးတွေတုံးရင်း 

ဆား၊ နနွင်းနယ်ထားလိုက်ပါသည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ထောင်း
ထားကာ၊ ဆီကျက်လျှင် ကြက်သား၊ ကြက်သွန်ဖြူ၊နီ၊စပါးလင်၊ ဆား၊ ငံပြာရည်
နှင့် ခရမ်းချဉ်သီး တို့ကို တခါတည်းထည့်ရင်း ဆီပြန်လာအောင်လုံးရပါသည်။
အနံ့မွေးလာလျှင် ရေအနည်းငယ်ထည့်ပြီး အရိုးအသား နူးလာသည်အထိတည်

ထားရပါသည်။

အရိုးနူးလာလျှင် အခွံသင့်ပြီး အနေတော်စိတ်ထားတဲ့ ဘူးသီးကိုထည့်ရပါမယ်။ 

ဘူးသီး ကျက်ရင် နံနံပင်အနည်းငယ်အုပ်ပြီး ဟင်းအိုးချနိုင်ပါပြီ။ ကျန်သည့်ဟင်း
အမယ်များမှာ လည်းလွယ်ကူသောကြောင့်အချိန်တိုတိုအတွင်းပင် ပြီးစီးသွားလေ
သည်။

ထမင်းအိုး အကျက်မှာပင် ထမင်းပွဲ နှင့်ဟင်းအမယ် စုံစုံလင်လင်ကို အချိန်မှီ

ပြင်ဆင်ပြီးလေသည်။ “ငါ့ညီမလေးတွေ ဒီလိုကျတော့လဲ တော်သားပ”ဲဟု 
မမခိုင်၏ ချီးကျူးနေသံမှာ ကျွန်မတို့နှစ်ယောက် အတွက် အမောပြေဆေး 
တခုလိုပင်..။ 

3 comments:

Unknown said...

ငါ့ညီမလေးတွေ ဒီလိုကျတော့လဲ တော်သားပဲလို့ကိုဂျူးကပြောရင်ရော..ပျော်မှာလား 8->

Shinmin said...

အမယ်၊ ကိုဂျူးထက်ကျနော်က တော်တယ်ဆိုတာ သိပြီးသား။

Unknown said...

shin min ka khu bal mhr nay tr lae ..thi pa ya say ..
so thz for sharing the way of cooking ..
:)