တူနာငါးသုပ် (Tuna Salad)

ပိတ်ရက်မှာ အစားစားတာများသွားလို့ လျော့စားဖို့စဉ်းစားနေပါသလား။
ဒါမှမဟုတ်ဘာမှချက်ချင်စိတ်မရှိ ဖြစ်နေပါသလား။ ချဉ်ချဉ်စပ်စပ် အသုပ်
တခုခုစားချင်နေပါသလား။ ဒါဆိုရင်တော့ တူနာသုပ်လေးလုပ်စားဖို့
အကြံပေးပါရစေနော်။

တူနာသုပ် ကလွယ်ကူပြီး ၊ ဆီမပါတဲ့အတွက်၊ မြန်ဆန်တဲ့အပြင်၊ ကျန်းမာရေး
နဲ့ လဲ ညီညွတ်ပါတယ်။ တူနာဘူးတွေကို စူပါးမားကက်တွေမှာအလွယ်တကူ
ဝယ်လို့ရနိုင်ပါတယ်။ နှစ်မျိုး ရှိတတ်ပါတယ်။Tuna in Brine and
Tuna in Oil ပါ။ ရှင်မင်းကတော့ Brine နဲ့စိမ်ထားတာ ၀ယ်ပါတယ်။
ဆီမကြိုက်လို့ပါ။ တခါတလေ Tuna Chunk ရှိသလို၊ Tuna Flakes
အနေနဲ့ လဲ ၀ယ်နိုင်ပါတယ်။ ချေပြီးသား Flakesကိုပဲ ရှင်မင်းဝယ်ဖြစ်ပါတယ်။



တူနာသုပ်အတွက် လိုအပ်တာတွေကတော့

တူနာ တဘူး
သခွားသီး
ကြက်သွန်နီ
သံပုရာသီး
ငရုတ်သီးတတောင့်
ငံပြာရည် တို့ပါပဲ။


သခွားသီးကို စိန်ခလုတ် (သို့) Cheese ခြစ်တဲ့ဟာနဲ့ ခြစ်ပါ။ ကြက်သွန်နီ
ကိုလဲ ခပ်ပါးပါးလေးလှီးပြီး ရေစိမ်ထားပါ။ တူနာဘူးကို ဖောက်ပြီး၊ ရေတွေ သွန်
လိုက်ပါ။ ရေစစ်လိုက်ပြီး သုပ်မည့်ပန်းကန်ထဲ တူနာ၊ သခွားသီး၊ ကြက်သွန်နီ၊ ပဲမှုန့် ၊
ငံပြာရည် ၊ သံပုရာသီး တို့ကိုလိုသလောက်ထည့်ပြီး နယ်ပါ။ အပေါ့အငံအနေတော်
ဆိုလျှင်အသင့်ဖြစ်ပါပြီ၊ အပေါ်ကနေ ငရုတ်သီးတောင့်လေး ညှပ်ထည့်ပါ။ ထမင်းပူပူ
လေးနဲ့ သုံးဆောင်ရင် အင်မတန်လိုက်ဖက်လှပါတယ်။




0 comments: