မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ(၁)



ဒါနဲ့ အအေးတိုင်းပြည်ကမမတို့ရေ.. မီးဖိုချောင်မှာဟင်းတွေချက်ပြီးတအိမ်လုံးနံနေမယ်ဆိုရင်
ဖယောင်းတိုင်လေး တခုလောက်ချက်ပြီးထွန်းထားလိုက်ပါတဲ့၊ အနံ့တွေပျောက်သွားတယ်လို့၊ တလောကလာလည်တဲ့ မမက သင်ပေးသွားပါတယ်။ စမ်းကြည့်ပါနော်၊ တခုတော့ရှိတယ် မီးလောင်လွယ်တဲ့အရာတွေနားမှာတော့ မထားပါနဲ့နော်။ (ဥပမာ ကန်လန့်ကာ၊ ဂက်စ်မီးဖိုအိုး)

3 comments:

ထွန်း said...
This comment has been removed by the author.
ထွန်း said...

အဲဒီပုံက အနံ့ ထဲ့ထားတဲ့ ဖယောင်းတိုင်ပါ၊ နောက်တမျိုး ကတော့ အနံ့အဆီ ဆေးရည်ကို ကြွေခွက်ထဲထဲ့အောက်မှ ဖယောင်းတိုင်မီးနဲ့ အနံ့ ထွက်အောင် အပူပေးတဲ့သဘော ပါ အနောက်တိုင်း အစာတွေက ကြော်လျှော်တာနဲပြီး ဖုတ် ကင် ပြုတ် တာကြောင့် တော်ရုံအခန်းအနံ့ လေးပေးရင် အိုကေပါတယ် မြန်မာ့အစားအစာချက်လို့ ဖြစ်လာတဲ့ အနံ့  နဲ့ ကတော့ ဂလိုဟာ တွေမနိုင်ပါဘူး အကြော်ကြော်ရင် ဆီငွေ့ တွေ နံရံမှာ သွားကပ်တာ အနံ့တွေက ပျောက်မသွားပါဘူး။ kitchen cleaner ဆေးရည်တွေကို နံရံတွေဖျန်း မီးဖို ပတ်ဝန်းကျင်ကို ဖျန်း အ၀တ်နဲ့ သုတ်ဆေးပြီးမှ သာအနံ ပျောက်နိုင်ပါတယ်၊ သဘောက နံတဲ့ အခန်းကို ရေမွှေးဖြန်းတဲ့ သဘောဖြစ်လို့  အနံတွေ ကပ်နေတဲ့ မီးဖိုက ဆီဂျီးတွေကို ဆေးကြော သုတ်သင်မှသာ တကယ် အနံ ပျောက်မည် ဖြစ်ပါသည်။

Shinmin said...

ကိုဂျေဂျေပြောတာမှန်ပါတယ်။
တကယ့်အခိုးအနံ့တွေပျောက်သွားဖို့က ဆေးရည်ဖြန်း
သေချာ မီးဖိုကို သန့်အောင်တိုက်ချွတ်နိုင်မှရပါတယ်။
ဒါကလဲဟင်းချက်ပြီးတိုင်းအမြဲမသန့်ရှင်းနိုင်တဲ့အခါ
အလွယ် ဖြစ်အောင်ရေးလိုက်တာပါ။ အမွှေးထွန်းတဲ့ဖယောင်းတိုင်ဖြစ်စေ၊ အဆီပေးထွန်းတဲ့
နံသာတွေပဲဖြစ်စေ တကယ့်အခန်းကနံနေရင်တော့
ခေတ္တခဏပဲ သက်သာမှာပါ။ ရှင်မင်းဆိုလိုချင်တာက
ကျောင်းတက်၊ အလုပ်သွားမောမောပန်းပန်းပြန်လာပြီး
ချက်ပြုတ်ပြီး အနံ့တွေစွဲနေရင် ခဏအနံ့ပျောက်စေခြင်းငှာ ဝေမျှလိုက်တာပါ။
မအားမလပ်သူတွေအတွက်ပေါ့နော်။ တကယ့်တကယ့်
ကျန်းမာရေးအရကော၊ မီးဖိုချောင်မှာ ပျော်တတ်သူတွေ
အတွက်ကတော့ အမြဲပုံမှန် သန့်ရှင်းပေးနိုင်ရင်
အကောင်းဆုံးပေါ့ရှင်။