ပုဇွန် မကျည်းသီးဟင်း
ပုဇွန် မကျည်းသီးဟင်း
ရှင်မင်းဆီမှာ ၉၉ ပြားတန် စာအုပ်အဟောင်းဆိုင်က ယိုးဒယားဟင်းချက်နည်း
စာအုပ်လေး ရှိပါတယ်။ ပါးပါးလေးပေမယ့် ယိုးဒယားစာစုံစုံလင်လင်ပဲ ပါတဲ့
စာအုပ်လေးပါ။ အဲဒီထဲက ပုဇွန်ဟင်းချက်နည်းလေး မြည်းစမ်းချက်ကြည့်မိတော့
စားလို့ကောင်းတာနဲ့ မျှဝေလိုက်ပါတယ်နော်။
လိုအပ်တဲ့အရာများကတော့
ပုဇွန်အလတ် ၁၅-၂၀
မကျည်းသီးအနှစ်
ကြက်သွန်နီ
ကြက်သွန်ဖြူ
သကြား
ငံပြာရည်
ငရုပ်သီးအပွ ၄ တောင့်
ကြက်သားအမှုန့် (သို့) အခဲ (Knorr)
ပထမဆုံးကြက်သွန်ဖြူ ၊ ကြက်သွန်နီ ပါးပါးလှီးထားတာကို ရွှေဝါရောင်သန်းလာတဲ့အထိ
ကျော်ပါ။ ခဏဖယ်ထားလိုက်ပါ။ ရေနွေးတည်ထားပြီး တော့ မကျည်းအနှစ်ရည်ဖျော်ရပါ
မယ်။ မိမိလိုသလောက်ကို အဖတ်များဖယ်ထုတ်ပြီး မကျည်းအနှစ်ချည်းသက်သက်ဖယ်
ထားရပါမယ်။
စောစောက ဆီအိုးထဲမှာ ငရုပ်သီးအခြောက်တောင့် ၄ တောင့် ကိုကျော်ပါ၊ မီးအရှိန်ကို
တော့ ငရုပ်သီးကျွမ်းမှာစိုးလို့လျော့ထားပါ။ ပြီးတာနဲ့ သကြား တီးစပွန်း နဲ့ ၁ ဇွန်း၊
ကြက်သားအမှုန့် ၁ ဇွန်းလောက်ကိုထည့်ပါ။ မကျည်းအနှစ်ရည်ထည့်ပါ။
ဟင်းအနှစ်ဆူလာတဲ့အထိမွေနေပါ။ နည်းနည်းဆူလာရင် ပုဇွန်ထည့်လိုက်ပါ။
ငံပြာရည်ထည့်ပြီး အချဉ်လိုသေးရင် မကျည်းနှစ်ထပ်ထည့်ပါ။
ပုဇွန်ကျက်လို့ ချကာနီးလျှင် ကြက်သွန်နီ၊ကြက်သွန်ဖြူကျော်ထားတာအုပ်ပါ။
အနံမွှေးအောင် ကြက်သွန်မြိတ်လေးထပ်အုပ်ကာ အလှဆင်နိုင်ပါတယ်။
ရှင်မင်းကတော့ ကြက်သွန်မြိတ်အစား နံနံပင်သုံးပါတယ်။ အားလုံးပြီးရင် ရယ်ဒီပါပဲ..
ခုဆိုရင်..လွယ်ကူပြီး အချိန်ကုန်သက်သာတဲ့ ပုဇွန်မကျည်းသီးဟင်းလေးသုံးဆောင်နိုင်ပါပြီနော်။
22:01
|
Labels:
Thai food,
ပုဇွန်,
ပုဇွန် မကျည်းသီးဟင်း
|
You can leave a response
2 comments:
မရှင်မင်း ကျေးဇူးပဲနော်
အပီား..ပာင်းမချက်တတ်ဘူး
ခုပဲမရှင်မင်းရေးတာကြည့်ပြီးချက်ပြီးပြီ
စားလို့ကောင်းပါတယ်
မရှင်မင်း ကျေးဇူးပဲနော်
အပီား..ပာင်းမချက်တတ်ဘူး
ခုပဲမရှင်မင်းရေးတာကြည့်ပြီးချက်ပြီးပြီ
စားလို့ကောင်းပါတယ်
Post a Comment