ယိုးဒယားဆီးဖုကြာဇံသုပ်

ယိုးဒယားဆီးဖုကြာဇံသုပ်

ဒီကြာဇံသုပ်လေးကတော့ လွယ်ကူပြီး အဆီမပါတာရယ်၊ စပ်စပ်လေး မို့ မိန်းကလေးတော်
တော်များများအကြိုက်တွေ့ကြပါတယ်။
လိုအပ်တဲ့အရာများကတော့
ဆန်ကြာဇံ
ပုဇွန်
ပြည်ကြီးငါး
Crab Stick
မှိုခြောက် (ကြွက်နားရွက်)
သံပုရာသီး
မြေပဲ
ငံပြာရည်
ကြက်သွန်မြိတ်
ငရုပ်သီးစိမ်း
ခရမ်းချဉ်သီး
ကြက်သွန်နီ

အရင်ဆုံးမြေပဲကိုထောင်းပါတယ်၊ အရမ်းကြေသွားအောင်မဟုတ်ဘဲ စလုံးစခုလေးထောင်းရင်
ရပါပြီ။ ဆန်ကြာဇံတွေကို ရေနဲ့စိမ်ထားလိုက်ပါတယ်။ အသုပ်သုပ်ရင်ထည့်ဖို့ အဆာတွေ
ပုဇွန်၊ ပြည်ကြီးငါး တို့ကိုကိုင်ရပါမယ်၊ ပြည်ကြီးငါးကတော့ အကွင်းလေးတွေလှီးရပါမယ်။
ကြွက်နားရွက်ကိုတော့ အချိန်တော်တော်ကြာကြာရေကြိုစိမ်ထားနိုင်ရင် ပိုကောင်းပါတယ်။
ရေစိမ်ထားတဲ့ ကြွက်နားရွက်ကို မထူမပါးလေး ကပ်ကြေးနဲ့ညှပ်ပါတယ်။
ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ တို့ကို ပါးပါးလှီးထားရပါမယ်။
ရေနွေးအိုးတည်ထားပြီး စောစောက ရေစိမ်ထားတဲ့ကြာဇံကို ရေနွေးနဲ့လောင်းပြီးစိမ်ထားပါ။
ပုဇွန် နဲ့ ပြည်ကြီးငါး တို့ကိုလည်း ကျွက်ကျွက်ဆူနေတဲ့ ရေနွေးပူပူမှာခဏစိမ်ထားပါ။
ပြီးတာနဲ့ အသုပ်သုပ်ဖို့ ဇလုံကြီးကြီးထဲကို ကြာဇံတွေကိုရေစစ်ပြီးထည့်ပါ။
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြွက်နားရွက်၊ပုဇွန်၊ ပြည်ကြီးငါး ၊ crab stick ၊ သံပုရာသီး၊
ငံပြာရည် နဲ့ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာတို့ကိုပါထည်ပါ။
အားလုံးကို ယောင်းမ နဲ့အသာအယာမွေပြီး မြည်းကြည့်ပါ။ အပေါ့အငံကိုတော့ မိမိတို့သင့်တော်သလို
လိုတိုးပိုလျှော့ ဆ ထည့်ပါနော်။ အစပ်အဟပ်တည့်ရင်တော့ စောစော က ထောင်းထားတဲ့ မြေပဲဆံဖြူး
လိုက်ပါတယ်၊ လှလှပပလေးဖြစ်အောင် ကြက်သွန်မြိတ်လေးပါ ထပ်ထည့်လိုက်ပါတယ်။
် အဆင်ပြေလွယ်ကူတဲ့ ယိုဒယားကြာဇံသုပ်လေးစားသုံးလို့ရပါပြီရှင်။

0 comments: