နန်းပြားသုပ်
နန်းပြားသုပ်
ဒီတပတ်တော့ နန်းပြားသုပ်ကလေးစားချင်တဲ့စိတ်နဲ့ မနက်စောစောစီးစီးပဲ
နန်းပြားသုပ် အတွက်ချက်ပြုတ်ဖို့ပြင်ဆင်လိုက်ပါတယ်။
လိုအပ်တဲ့အရာတွေကတော့
ကြက်သား
နန်းပြားခေါက်ဆွဲ
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုပ်သီးအရောင်တင်မှုန့်
ပဲမှုန့်
ငံပြာရည်
ဆား
ကြက်ဥ
နံနံပင်
သံပုရာသီး တို့ပဲဖြစ်ပါတယ်။
အရင်ဆုံးကြက်သားကို အနေတော်လေးတွေတုံးပြီး၊ ဆား နဲ့ ငံပြာရည်ထည့်ပြီး ပြုတ်
ပါတယ်။ ကြက်သားပြုတ်ရင်းခေါက်ဆွဲပြုတ်ဖို့ ရေနွေးတည်ထားပါတယ်၊ ရေနွေးဆူ
လာတာနဲ့ ခေါက်ဆွဲ နဲ့ ကြက်ဥ တို့ကိုတခါတည်းရောပြုတ်ထားလိုက်ပါတယ်။
တဆက်တည်း ကြက်သွန်နီ တချို့ကို ဟင်းချက်ဖို့အတွက် chopped လုပ်ပါတယ်။
တချို့ကိုတော့ သုပ်စားရင်ထည့်ဖို့ ပါးပါးလေးလှီးပါတယ်။
ကြက်သွန်ဖြူလေးလဲ chopped လုပ်ပါ။ ကြက်သားပြုတ်ထားတာလေးရလောက်ရင်
ချပြီးကြက်သားတုံးတွေဆယ်ထားပါ။ ခဏ အအေးခံထားပါ။
စောစောက ပြုတ်ထားတဲ့ နန်းပြားခေါက်ဆွဲ ရရင် တခါ
တည်းချလိုက်ပါ ရေအေးနဲ့ ခဏဆေးချပြီး ရေစစ်ထားလိုက်ပါ။
ကြက်သားတွေအေးသွားတာနဲ့ အတုံးသေးသေးလေးတွေ ဖြစ်အောင် တုံးပါတယ်။
အရိုးတွေကိုတော့ စောစောက ကြက်သားပြုတ်ရည်ထဲ ပြန်ထည့်ပါ။
ကြက်သားကို ကြက်သွန်ဖြူ၊ကြက်သွန်နီ နဲ့ ဆီသပ်ပါ။ အနံ့မွှေးပြီး ရွှေဝါရောင်သန်း
ခါစမှာကြက်သားနွှင်ထားတာလေးထည့်ပါ။ အရောင်တင်မှုန့်၊ ဆား၊ သကြားနည်းနည်း
နဲ့ ၊ ငံပြာရည်တို့ သင့်တော်သလိုထည့်ပါ။ ဆီပြန်လာပြီး ဟင်းအပေါ့အငံမြည်းပြီး
ချနိုင်ပါပြီ။
သုပ်စားရင် ထည့်ဖို့ နံနံပင်၊ သံပုရာသီး တို့ကိုလှီးပြီးအသင့်ပြင်ထားပါ။
စောစောက ကြက်ဥ ကိုလဲ အခွံခွာပြီး ပါးပါးလှီးထားပါ။
ဟင်းချို ကိုတော့ ကြက်သွန်မြိတ်၊ ဂေါ်ဖီ စသဖြင့် ခပ်ပြီး အပေါ့အငံမြည်းပြီး ခဏတည်ထားရင်
ရပါပြီ။ စားခါနီးမှ ငရုပ်ကောင်းမှုန့်လေးဖြူးပြီး သောက်နိုင်ပါတယ်။
ရှင်မင်းတော့ ဘာမှ မရှိလို့ ကြက်ဥ တို့ဟူးထည့်ချက်ဖြစ်ပါတယ်။
အားလုံးအသင့်ဖြစ်ပြီမို့ နန်းပြားသုပ်ဖို့ ပြင်ဆင်လိုက်ပါတော့မယ်နော်။
နန်းပြားသုပ်ဖို့ ဇလုံထဲကို တယောက်စာထည့်၊ ပြီးတာနဲ့ ကြက်သားဟင်း
ထည့်၊ ကြက်သွန်နီ၊ ငံပြာရည်၊ ပဲမှုန့်၊ သံပုရာသီး၊ ငရုပ်သီးမှုန့် စသဖြင့်
လိုသလိုထည့်ပြီးနယ်ပါ။ အပေါ့အငံမြည်းပြီး စားမယ့်ပန်းကန်လေးထဲ ပုံထည့်။
အပေါ် က နံနံပင်လေးအုပ်ပါ။ ခြောက်နေရင်စောစောက ချက်ထားတဲ့
ဟင်းချိုပူပူလေးနဲ့ မြောချရင်း အရသာရှိတဲ့ နန်းပြားသုပ်လေး သုံးဆောင်နိုင်ပါပြီ ရှင်။
17:41
|
Labels:
နန်းပြားသုပ်,
အသုပ်,
ခေါက်ဆွဲ
|
You can leave a response
0 comments:
Post a Comment