ပြည်ကြီးငါးခရမ်းချဉ်သီးချက်

ပြည်ကြီးငါးခရမ်းချဉ်သီးချက်

ခုတလော ဘာစားစားစိတ်တိုင်းမကျဘဲ၊ ဘာချက်စားရမှန်းမသိဖြစ်နေပါတယ်။
တခါတလေ အိမ်မှာရှိတာနဲ့ ဘယ်လိုဟင်းတခွက်ဖြစ်အောင်လုပ်မလဲဆိုတာလဲ
ခေါင်းစားစရာပါ။ ဒါနဲ့ ထမင်းစာခါနီး မမေ ကို ဘာဟင်းချက်လဲလို့ လှမ်းမေးမိ
လိုက်တယ်။ မမေ က ပြည်ကြီးငါးနဲ့ခရမ်းချဉ်သီးချက်တယ်ဆိုပဲ၊ ဟယ် စိတ်ဝင်
စားသွားပြီ။ ပျော်ပြီး မမေကို ဟင်းချက်နည်း ပြောပြဖို့ အပူကပ်တော့
တာပေါ့။
ရှင်မင်းလဲဈေးမသွားဖြစ်တော့ ဘာချက်ရမှန်းခေါင်းစားနေချိန်မှာပါ
လိုအပ်တဲ့အရာတွေကတော့ ပြည်ကြီးငါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
ငရုပ်သီးစိမ်း၊ နံနံပင်၊ အရောင်တင်မှုန့်၊ ငပိနည်းနည်း၊ ခရမ်းချဉ်သီး နဲ့
နံနံပင် တို့ပဲဖြစ်ပါတယ်။
မမေ ပြောပြတဲ့ထဲမှာ ရှင်မင်းမှာအသင့် ရှိနေတဲ့ ပစ္စည်းတွေမို့ ပြင်ဆင်ချိန်
သိပ်မရှိဘဲ အလွယ်တကူချက်ဖြစ်သွားတဲ့ ဟင်းလေးတခွကပါ။

အရင်ဆုံးပြည်ကြီးငါး ကိုင်ရပါမယ်၊ ပြည်ကြီးငါးကိုင်မယ်ဆို အပေါ်ကခေါင်းနဲ့
ကိုယ့်ကိုအရင် ဖယ်ပါ ခေါင်းမှာမှ မှင်ရည်ထုပ်ကို မပေါက်အောင်အသာလေး
ဖယ်ထုပ်ရပါမယ်၊ကိုယ်က အရိုးကြည်ကြည်လေးကိုလဲ ဆွဲထုပ်ပါ။
ပြည်ကြီးငါး အရေခွံတွေကိုလည်းစိတ်ရှည်ရှည်နဲ့ ဖယ်ထုပ်
ပစ်ရပါမယ်။ သေချာကိုင်ပြီး ရေနဲ့သေသေချာချာထပ်ဆေးပါနော်။ အနံ့တွေပျောက်
သွားအောင်ပါ။ ပြီးရင် အကွင်းလေးတွေဖြစ်အောင်လှီးရမှာဖြစ်ပါတယ်။ ဆားလေး
နဲ့ နယ်ထားလိုက်ပါတယ်။

ပြီးတာနဲ့ ဟင်းချက်မယ့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို လှီးပါတယ်။ အဆင်ပြေရင်
ထောင်းစေချင်ပါတယ်။ ခရမ်းချဉ်သီး ၂ လုံးလောက်ကိုလဲ chopped လုပ်ထားပါ။
အရင်ဆုံး ကြက်သွန်နီ၊ဖြူ ဆီသပ်ပါတယ်။ ကြက်သွန်နီ၊ဖြူ ရွှေဝါရောင် သန်းလာ
တဲ့အခါ ငံပြာရည်နည်းနည်းထည့်ပါတယ်။ ပြီးတာနဲ့ စောစောက ပြည်ကြီးငါးကိုထည့်
ပါတယ်။ ပြည်ကြီးငါးက အရည်တွေထွက်ပါတယ်။ ငရုပ်သီးအရောင်တင်မှုန့်နည်းနည်း
ထည့်ပါတယ်။ ပြီးတာနဲ့ ပုဇွန်ငပိ တီးစပွန်း တဇွန်းစာလောက် အနံ့ ရအောင်ထည့်ဖြစ်
ပါတယ်။ (မမေ အော်ရီဂျင်နယ် reciepe မှာ ငပိမပါပါ။) ငပိမကြိုက်တတ်သူတွေ ငံပြာရည်
ထပ်ထည့်ပြီးချက်နိုင်ပါတယ်။ ခရမ်းချဉ်သီး နဲ့ ငရုပ်သီးစိမ်းထက်ချမ်းခွဲထားတာကို ထပ်
ထည့်ပါ။ ခရမ်းချဉ်သီးဖတ်လေးတွေလိပ်ပြီး ကြေသွားတဲ့အခါ၊အပေါ့အငံမြည်းပြီး ဆားလိုရင်
ဆားထပ်ထည့်ပါ။ ချကာနီးမှာ နံနံပင်လေး အုပ်ပါ။
အနံ့ မွှေးမွှေးနဲ့ ငပိချက်လေးလိုစားလို့ကောင်းတဲ့ ပြည်ကြီးငါးခရမ်းချဉ်သီးချက်လေး စားဖို့
အသင့်ဖြစ်ပါပြီရှင်။



ဒီဟင်းချက်နည်းလေးအတွက် မမေ၁၁ ကိုကျေးဇူးပါနော်။

0 comments: