လက်ဖက်ထမင်းသုပ်
ဒါကတော့ ရုတ်တရက် ဗိုက်ဆာပြီး ဟင်းချက်ချင်စိတ်မရှိရင်ဖြစ်ြ
အလွယ်တကူသုပ်စားလို့ အဆင်ပြေလှပါတယ်။ လက်ဖက်အနည်း
သာကျန်ပြီး စိတ်ညစ်နေသူများအတွက်လဲ အသုံးဝင်လှပါတယ်။
ပါဝင်တဲ့အရာများကတော့
လက်ဖက်သား(နှပ်ပြီး)
အကြော်စုံ (သို့) မြေပဲ၊ နှမ်း၊ ပဲကြော်
ထမင်း
ဆီ
ခရမ်းချဉ်သီး
ငရုတ်သီးစိမ်း
ငံပြာရည်
သံပုရာသီး တို့ပါပဲ။
စားမယ့် ပန်းကန်လုံး ထဲမှာ ထမင်း ၊ လက်ဖက်၊ အကြော်၊ ခရမ်းချဉ်သီးပါးပါးလှီး ပြီး
ဆီ၊ ငံပြာရည်၊ ငရုတ်သီးစိမ်း ၊ သံပုရာသီးတစိပ်ခန့် ညှစ်ထည့်ပြီး နယ်ပါ။ သက်သတ်
လွတ်မဟုတ်လျှင် ပုဇွန်ခြောက်အကောင် သို့မဟုတ် အမှုန့် ထည့်နိုင်ပါတယ်။ ထွေထွေ
ထူးထူး ဘာမှမပါပေမယ့် အဆင်ပြေလွယ်ကူပြီး ရေနွေးခြမ်းလေးနဲ့ စားသုံးရင် အင်မတန်
အရသာရှိလှပါတယ်။
18:58
|
Labels:
ထမင်း,
လက်ဖက်,
လက်ဖက်ထမင်းသုပ်
|
You can leave a response
Subscribe to:
Post Comments (Atom)


3 comments:
ဗိုက်ဆာနေတာနဲ့ အတော်ပဲ... လက်ဖက်ထမင်းလေး စားသွားတယ်
မစားရတာအတော်တောင်ကြာသွားပြီ
တစ်ဝစားသွားတယ် ခင်ဗျ
လက်ဖက်ထမင်းသုပ်ဆို သိပ်ကြိုက်ပေါ့။ ဘယ်အချိန်ချိန် ကျွေးကျွေး မငြင်းဘူး။ :)
Post a Comment