ငါးနီတူအစပ်ကြော်

ဒီတခါတော့လွယ်လွယ်ကူကူနဲ့ ထမင်းမြိန်စေတဲ့ ငါးနီတူအစပ်ကြော်လေး
ရေးပါမယ်။ ငါးနီတူခြောက် အထုပ်လေးတွေကို တရုတ်ဆိုင်တွေမှာရနိုင်
ပါတယ်။ တချို့ကတော့ ဦးခေါင်းမဖြုတ်ရသေးပါဘူး။ တချို့ဆိုင်တွေမှာတော့
သန့်စင်ပြီးဦးခေါင်းဖြုတ်ပြီး သားအထုပ်ကလေးတွေဝယ်နိုင်ပါတယ်။

ငါးနီတူအစပ်ကြော်အတွက်လိုအပ်မှာတွေကတော့

ကြက်သွန်နီ တဥ
ကြက်သွန်ဖြူ ၃မွှာ
ငရုတ်သီးခြောက်
ဆား (သိပ်မငန်လျှင်ထည့်ုနိုင်ပါတယ်။)
ငံပြာရည်အနည်းငယ်

(ဆား နဲ့ ငံပြာရည် တို့မှာ ငါးနီတူအချိုခြောက်အတွက်ထည့်နိုင်ပါတယ်။ အကယ်လို့
အငံဓါတ် ငါးမှာပါပြီးပါက မထည့်လဲ ရပါတယ်။)

အရင်ဆုံး ကြက်သွန်နီ အတုံးလေးများဖြစ်အောင်လှီးပါတယ်။ ကြက်သွန်ဖြူ
ကိုလဲ ခပ်ပါးပါးလှီးထားပါတယ်။ ဆီအိုးတည်ပြီး ငါးနီတူကိုထည့်ကာအရင်
ကြော်ထားပါတယ်။ ပြီးလျှင် ပန်းကန် သပ်သပ်မှာဖယ်ထားပါ။

ကျန်တဲ့ဆီနဲ့ ကြက်သွန်နီ ကို ကြော်ပါတယ်။ ကြက်သွန်နီ ရွှေရောင်သန်းလာ
လျှင် ကြက်သွန်ဖြူထည့်ပါ။ ကြက်သွန်နီဖြူ ကြော်ပြီးလျှင်၊ စောစောက သီးသန့်
ဖယ်ထားတဲ့ ငါးနီတူထည့်ပါတယ်။ မီးအရှိန်အနည်းဆုံးထည့် လျော့ချလိုက်ပါ။
ငရုတ်သီးခြောက်ထည့်ပါတယ်။ အရောင်တင်မှုန့်အနည်းငယ် အရောင်လှအောင်
ထည့်ပါတယ်။ နောက်ဆုံးမှာတော့ ဆား၊ ငံပြာရည် တို့ကို မိမိလိုသလောက်ထည့်
ပါတယ်။

ငါးနီတူအစပ်ကြော်မှာ ချဉ်ပေါင်ဟင်းရည်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်း စတဲ့ အချဉ်
ဓါတ်ပါသော ဟင်းရည်များ၊ ပဲနီလေးဟင်းရည်စတဲ့ အဆိမ့်ဓါတ်ပါသော ဟင်းရည်
များနဲ့ တွဲဖက်စားသုံးပါက အင်မတန်လိုက်ဖက်လှပါတယ်။

 
 

2 comments:

စန္ဒကူး said...

ဟုတ်ပါ့ရှင်မင်းရေ.. ငါးနီတူစပ်စပ်လေး ကြော်တာ အရမ်းကောင်းတယ်.. အခုတော့ မစားရတာ နှစ်ပေါင်းကြာပေါ့...
အရင်က ငါးသေးသေးလေးတွေစားရတာ သနားလို့။ အခြောက်လေးတွေဆိုတော့စားတယ်။ အဲဒီငါးက စိမ့်နေတာ... အရင်တုန်းက မာမီက အဲဒီငါးလေးတွေဝယ်၊ ခေါင်းဖြတ် ရင်ဘတ်က အမဲလေးတွေဖြုတ်၊ ရေဆေးပီး နေတစ်ခါထပ် လှမ်းသေးတယ်.. ပြီးမှဆီနဲ့ ကြွပ်နေအောင်ကြော် တာ.. အရမ်းကောင်းတယ်..း)

subuueain said...

ချဉ်ရည်ဟင်းလေးနဲ့ နယ်စားချင်လိုက်တာ။ မစားဖြစ်တာကြာပြီ။ :)