တို့ဟူးနွေး


ဒီတပတ်တော့ မစားရတာ ကြာပြီဖြစ်တဲ့ တို့ဟူးနွေးလုပ်စားဖြစ်ပါတယ်။

လိုအပ်တဲ့အရာတွေကတော့

ဆန်ပြားခေါက်ဆွဲ
ပဲမှုန့်အစိမ်း
ကြက်သား (သို့) ၀က်သား
ခရမ်းချဉ်သီး
ကြက်သွန်ဖြူ၊ နီ
ငရုပ်သီးမှုန့်
ဆား၊ ငံပြာရည်
မြေပဲ
ပဲငံပြာရည်
နံနံပင်


ပထမဆုံး ကြက်သား (သို့ ) ၀က်သား အသားချည်းသက်သက်ကို
အတုံးသေးသေးလေးတွေလှီးပါမယ်။ ဆီအိုးတည်ထားပြီး ကြက်သွန်
နီ၊ ဖြူ ထောင်းထားတာကို ဆီသပ်ပါ။ နနွင်းအနည်းငယ်ထည့်ပြီး၊
အနံမွှေးလာရင် ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးတွေ ကြေသွား
ပြီဆိုလျှင် အသား နှင့် ငရုတ်သီးမှုန့်ထည့်ပါ။ ဆား၊ ငံပြာရည်၊ ရေ
အနည်းငယ်ထည့်ပြီး အသားနူးလာတဲ့အထိချက်ပါ။

အပေါ့အငံမြည်းပြီး အရသာစိတ်ကြိုက်ရလျှင် အိုးကိုချလိုက်ပါ။

ဆန်ပြား ခေါက်ဆွဲ ကို ရေနွေးအိုးတည်ထားသော အိုးထဲတွင် ပြုတ်
ပါ။ မပျော့အောင် အနည်းငယ်သတိထားပြီး ပြုတ်ပါ။

တို့ဟူးနွေးအနှစ်အတွက် ရေနွေးအနည်းငယ်တည်ထားပါ။
တဘက်က ပဲမှုန့် အစိမ်းကို ရေနှင့် ဖျော်ထားပါ။ ရေနွေးဆူလာလျှင်
ပဲမှုန့်အရည်ကိုထည့်ပြီး မွှေပေးပါ။ ခဏနေလျှင် နနွင်း အနည်းငယ်၊
ဆား နှင့် အချိုမှုန့် တို့ကိုထည့်ပါ။ ပဲမှုန့်အရည်တဖြည်းဖြည်း ကျဲ ရာမှ
ပျစ်လာသည်အထိ စိတ်ရှည်လက်ရှည်ကြိုရပါမယ်။ ပဲမှုန့် ပျစ်လွန်းလျှင်
လဲ ခဲသွားတတ်သလို၊ ကျဲလွန်းလျှင်လဲမကောင်းပါ။ ပဲမှုန့် အနှစ် စိတ်
ကြိုက်ရလျှင် မီးပိတ်လိုက်ပါ။


တို့ဟူးနွေး တပွဲပြင်ဆင်မယ်ဆိုလျှင် ခွက်ထဲသို့ မိမိလိုသလောက်
ဆန်ခေါက်ဆွဲပေါ်တွင် ပဲမှုန့် အနှစ် ၊ အသားဟင်း တို့အပါအ၀င်
ပဲငံပြာရည်ကိုလောင်းပါ။ မြေပဲဆန်ထောင်းထားတာကို ဇြူး၊
နံနံပင်လေးနဲ့ အလှဆင်ရင်း အနံ့အရသာနဲ့ ပြည့်စုံတဲ့ တို့ဟူးနွေး
ကိုအသင့်သုံးဆောင်နိုင်ကြပါပြီရှင်။




တို့ဟူးနွေး ချက်ပြုတ်နည်းကို နေးတစ်မြန်မာဖိုရမ်မှ ကိုဇိုဇို ၏ နည်း အတိုင်း မှီငြမ်းချက်ပြုတ်ပါသည်။
Video File အား ဒီမှာ သွားရောက်ကြည့်ရှူ နိုင်ပါသည်။

0 comments: