စပါယ်ဂဲတီ ခေါက်ဆွဲကြော်

စပါယ်ဂဲတီ ခေါက်ဆွဲကြော်

ပါဝင်သောအရာများ

စပါယ်ဂဲတီ ခေါက်ဆွဲ ၂ ယောက်စာ
ငရုပ်သီးပွ (အစိမ်း၊အ၀ါ၊အနီ တခြမ်းစီ)
ဘေကွန် (၀က်ပေါင်ခြောက်)
ကြက်သား
မှို
ငရုပ်ကောင်း
ဆီ အနည်းငယ်
ကြက်သွန်ဖြူ ငါးဥ၊ ကြက်သွန်ဖြူ အမှုန့်


စပါယ်ရဲတီခေါက်ဆွဲ ကိုမိမိလိုသလောက်ပြုတ်ပါ။ ခေါက်ဆွဲပြန်ကြော်အုန်းမှာမို့ ၊ သိပ်မပျော့ခင်မှ ချလိုက်ပါ။
မှို၊ နှင့် ငရုပ်ပွတွေကို လှီးထားပါ။ ကြက်သွန်ဖြူ ငါးဥ လောက်ကို ထောင်းထားပါ။ ဘေကွန်ကိုလဲ စိတ်ကျ
အတုံးခပ်သေးသေးလေးတွေတုံးပါ။ စူပါမားကက်တွေမှာတော့ တုံးပြီးသား ဒါမှမဟုတ် ဘေကွန်အချပ်လိုက်
ဝယ်လို့ရပါတယ်။ smoked bacon ကိုဝယ်ပါ။ အရင်ဆုံး ဒယ်အိုးခပ်ကြီးကြီးမှာ ဆီအနည်းငယ်
ထည့်ပါ၊ မီးအရှိန်အမြင့်ဆုံးထားပြီး ကြက်သား ကိုကြော်ပါ ၊ကြက်သားဖြူလာလျှင် ငရုပ်ပွ ကိုထည့်ပါ ။
မီးမြင့်ထားတဲ့အတွက် ငရုပ်ပွတွေမှာ မီးအနည်းငယ်ကျွမ်းတဲ့ အထိကြော်ပါ။ ဘေကွန်ထည့်လိုက်ပါ။
ဘေကွန်ကနေ ဆီနဲ့ အငန်ဓါတ်တွေပါ ပြီးသားမို့ ဆီ နဲ့ ဆား ထပ်ထည့်စရာမလိုပါ။
နောက်ဆုံး မှို ထည့်ပါ။ မီးပြင်းပြင်းမို့ မတူးအောင် အဆက်မပြတ်ကြည့်နေပေးပါ။
အပေါ့အငံ မြည်းကြည့်ပြီး ဆားလိုလျှင် ဆားထည့်ပါ။ ချခါနီးမှ ငရုပ်ကောင်းမှုန့် နဲ့ ကြက်သွန်ဖြူအမှုန့်
တို့ကိုထပ်ဖြုးပါ။ ကြက်သွန်ဖြူမကြိုက်တဲ့သူတွေတော့ အနံ့သိပ်ခံနိုင်မယ်မထင်ပါ။
စောစောက ထောင်းထားတာအပြင်၊ အမှုန့်ထပ်ဖြူးတဲ့အတွက် ပိုလို့ အရသာရော အနံ့ပါပိုပြီးပြည့်စုံပါတယ်။
(ကြက်သွန်ဖြူသိပ်မကြိုက်သူတွေအတွက် )ကြက်သွန်ဖြူအမှုန့် မပါလဲရပါတယ်။
အားလုံးသမသွားပြီဆိုရင်တော့ အနံ့ပြင်းပြင်းလေးနဲ့ ခပ်ခြောက်ခြောက် စပါယ်ဂဲတီခေါက်ဆွဲကြော်လေးရပါပြီ

1 comments:

Mr.Pu said...

စပါဂတ်တီ ဆိုသိပ်ကြိုက်။
ဒါနဲ့ ခေါက်ဆွဲက ဘယ်အချိန် ထဲ့ရမှာလည်း???