Egg roll
Egg Roll ကတော့ ရှင်မင်း ကိုရီးယားကားတွေကြည့်ရင်း သဘောကျလို့
receipe ရှာပြီး စမ်းထားတာပါ။ ကြက်ဥကြော်ပါပဲ၊ မိမိကြိုက်နှစ်သက်တဲ့
ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင် ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့ အဆာ
၂မျိုး၊ ၃မျိုးခန့် ထည့်နိုင်ပါတယ်။ နည်းနည်းစီ ထည့်မှသာ အဆာတွေ
များမသွားဘဲ ကြော်တဲ့အခါမှ အဆင်ပြေပါတယ်။
Egg Roll အတွက်လိုအပ်တာတွေကတော့
ကြက်ဥ ၄ လုံး
ကြက်သွန်နီ တစိတ်
ခရမ်းချဉ်သီး တခြမ်း
ငရုပ်သီးစိမ်း
ဆီ
ဆားအနည်းငယ် တို့ပါပဲ။
ကြက်ဥ မိမိတို့လိုသလောက်ကို ပန်းကန်လုံးထဲမှာ သေချာမွှေခေါက်ပါတယ်။
ပြီးလျှင် ဆား ၊ ကြက်သွန်နီ စတဲ့ အဆာတွေထည့်ပါတယ်။ ကြက်ဥကြော်တော့
မယ်ဆိုလျှင် ၊ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။ ဆီ ပူလာလျှင်
ကြော်မယ့်ကြက်ဥ တ၀က် ခန့် အရင်လောင်းထည့်ပါတယ်၊ ကျက်လာပြီဆိုလျှင်
မီးအနည်းငယ်လျှော့ပြီး အစွန်းတဘက်မှ နေပြီး အသာအယာလိပ်ပေးပါ။ လိပ်
တဲ့ အခါမှာ ယောက်မ နှင့် ခက်ရင်း ကိုသုံးပြီး လေးထောင့် ပုံစံ ကျအောင် ဖိပြီးလိပ်
ပါ။ ဒယ်အိုးတ၀က်ခန့် နေရာလွတ်သွားလျှင် ကျန်တဲ့ ကြက်ဥခေါက်ထားတဲ့အရည်
ကိုဖြည်းဖြည်းစီလောင်းထည့်ပါတယ်။ ကြက်ဥရဲ့ အစွန်းတဖက်ကိုလေးထောင့်
ကျအောင် ဖြန့်ထည့်ပါ။အဟောင်းနဲ့အသစ် ဆက်သွားပြီး အသစ်ကျက်လာတဲ့
အထိဆက်ကြော်ပေးပါ။ အထက်ပါအတိုင်း လေးထောင့်ကျအောင် ဆက်လိပ်ပါတယ်။
ဒယ်အိုးမီးပိတ်လိုက်ပြီး ကြက်ဥကြော်အေးလာတဲ့အထိစောင့်ပါ။ အေးလာလျှင်
မိမိလိုသလို အထူခန့် ဓါးဖြင့်လှီးယူနိုင်ပါတယ်။
Egg roll မှာထမင်းဘူး ၊ ထမင်းချိုင့်ထည့်ရာတွင် အမြင်လှသလို၊ စားရတာလဲအရသာ
ရှိလှပါတယ်။ Starter အနေနဲ့ သော်လည်းကောင်း ၊ အဆာပြေအနေနဲ့ သော်လည်းကောင်း
ကြော်စားနိုင်ပါတယ်။
Egg Roll လုပ်နည်းကို ရှင်မင်းရေးတာ နားမလည်လျှင် ဒါမှမဟုတ် လက်တွေ့ကြည့်ချင်
လျှင် Maangchi you tube video မှာလေ့လာကြည့်ရှူနိုင်ပါတယ်။ ကိုးရီးယားအစား
အစာ များဟင်းလျာများ ဆက်ပြုတ်ချင်တယ်ဆိုလျှင်လည်း Maangchi channel မှာ
လေ့လာနိုင်ကြောင်းပါ။ Maangchi မှာ ရှင်မင်းရဲ့  မြင်ဆရာ တဦးလဲဖြစ်ပါတယ်ရှင်။
Thanks Maangchi !! =)
Subscribe to:
Post Comments (Atom)
8 comments:
ပညာယူသွားတယ်။ ကြက်ဥနည်းသစ်တွေအတွက် ကျေဇူးပါပဲ။
မနက်ဖန်မှ လုပ်စားကြည့်အုံးမယ်။ အဟီး မကောင်းရင်တော့ ပြန်ရော်ပေးရမယ်။ စတာနော်။
လုပ်စားကြည့်အုံးမယ်
ကျေးဇူးပါရှင်။ အခုလိုကောင်းကောင်းဖော်ပြပေးလို့လေ။
လုပ်စားမယ်။ ဒီနေ့ပဲကွယ်
ညီမလေးရေ့ 
မမလု အလည်လာသွားပါတယ်နော်။ ကြက်ဥကြော်လေးလည်း စားရင်းပေါ့။ မမက ကော်ဖီမကြိုက်တော့ ရေနွေးကြမ်းလေးနဲ့ပဲ မြည်းတော့မယ်နော်။
နောက်ကျသွားတယ်။ အလှပဲကြည့်တာကောင်းမလားလို့။ နှမျောစရာကြီး။
ရှင်မင်းရေ.. ရိုးရိုးကြော်ပေမယ့် ဆန်းတာဘဲ..
ကိုးရီးယားကားတွေထဲမှာ ခဏခဏတွေ့ဖူးတယ်.. အရသာရှိရှိကိုစားနေကြတာ..တစ်ခါမှတော့မလုပ်စားဖြစ်သေးဘူး
ဒီနေ့ လက်စွမ်းပြလိုက်တယ်။ thomas ရဲ့ မှတ်ချက်က
ကောင်းလိုက်တာတဲ့။ ပုဇွန်လေး သေးသေးလှီးထဲ့လိုက်သေးတယ်။ ကြည့်လို့ လည်းလှ၊စားလို
့လည်း ကောင်းတယ်။ Thanks
Post a Comment