ယိုးဒယား ငါးဖယ်ကြော်

ယိုးဒယားစားသောက်ဆိုင်တွေမှာ နာမည်ကြီးလူကြိုက်များတဲ့ ဟင်းရံတမျိုးပါ။
သူ့ချည်းသက်သက်ကိုလဲ Starter အနေနဲ့ စားလေ့ရှိပါတယ်။ အချဉ်၊ အစပ်အရ
သာစုံလင်တာမို့ ခံတွင်းတွေ့လှပါတယ်။ ယိုးဒယားငါးဖယ်ကြော်ကို ငါးဖယ် ခြစ်ပြီး
သားနဲ့ လုပ်လို့ယူသလို၊ Cod fish စတဲ့ အသားချည်းသက်သက်လွှာရောင်းတဲ့
ငါးတွေကိုလဲ ကြိတ်ပြီး သုံးနိုင်ပါတယ်။

ယိုးဒယားငါးဖယ်ကြော်အတွက် လိုအပ်တဲ့အရာတွေကတော့

ငါးဖယ်
တုန်ယန်အခဲ (သို့ ) တုန်ယန်ဟင်းအနှစ် (သို့ ) Red curry paste
ကြက်ဥ
ငံပြာရည်
သကြား
ကော်မှုန့်
ရှောက်ရွက်
နံနံပင်
ငရုတ်သီးစိမ်းတို့ပါပဲ။

ငါးဖယ်လုံးဖို့အတွက် ငါးဖယ်၊ ကြက်ဥတလုံး၊ သကြား တီးစပွန် ၁ ဇွန်း၊
ကော်မှုန့် ၂ စွန်း၊ ရှောက်ရွက် ၃ ရွက်၊ နံနံပင် အနည်းငယ် လှီးထားတာ
နှင့် ငံပြာရည်သင့်သလောက်တို့ကိုရောနယ်ပါ။  ဒါမှမဟုတ် food
processor နဲ့ ရောကြိတ်ပါ။ နောက်ဆုံးမှ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပါ။

ငါးဖယ်ကိုင်ရာတွင် ခွက်သေးသေးလေးထဲတွင် ဆီထည့်ပြီးလုံးပါက ငါး
ဖယ်ကိုအလွယ်တကူလုံးနိုင်ပါတယ်။ မိမိတို့စိတ်ကြိုက် အရွယ်လောက်
လေးတွေ ရပြီဆိုလျှင် ဆီအိုးပူပူထဲသို့ထည့်ပြီး၊ ရွှေဝါရောင်သန်းလာတဲ့
အထိ ကြော်နိုင်ပါတယ်။

အချဉ်အနေနဲ့ ငရုပ်ဆီ၊ သခွားသီးအချဉ် တို့ ပြုလုပ်ပြီး တွဲဖက်စာသုံးနိုင်
ပါတယ်။

0 comments: