မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ (၃)

၁။ သံပုရာသီးလေးတွေ ရေခဲသေတ္တာ ထဲမှာ သိမ်းထားတတ်ကြမှာပါ။ အသုံးမပြုခင် လေးစက္ကန့်လောက် Microwave ထဲ ထည့်အပူပေးပါ။ သံပုရာသီးကို မသုံးခင်အနည်းငယ်လိမ့်ပေးပါ။ အဲဒီနည်းနဲ့ သံပုရာသီး အရည်ရွှမ်းလာအောင်ပြုလုပ်နိုင်ပါတယ်။

၂။ တီဗွီက ချက်ပြုတ်တဲ့ အစီအစဉ်တွေမှာ သစ်သား စဉ်းနီတုံး အသုံးပြုတာနည်းသွားပါတယ်၊ အဓိကအချက်က ကျန်းမာရေး နဲ့ မညီညွတ်လို့ပါ လို့သိရပါတယ်။ ဒါပေမဲ့ သစ်သား စဉ်းနီတုံးက အိမ်ရှင်မတွေ၊ ချက်ပြုတ်သူတွေရဲ့ မရှိမဖြစ်လက်စွဲပါ၊ ကျန်းမာရေးနဲ့လဲ ညီညွတ် အောင် သံပုရာသီးသုံးပြီးသား နဲ့ ပွတ်တိုက်ပေးခြင်းဖြင့် သန့်ရှင်းနိုင်ပါတယ်ရှင်။

၃။ အာလူး က အစွန်းအထင်းတွေ ချွတ်တဲ့နေရာမှာ အသုံးတည့်လှပါတယ်။ လက်မှာပေကျံနေတဲ့ အစွန်းအထင်းတွေချွတ်ရခက်နေရင် အာလူးစိမ်းကိုထက်ခြမ်းခြမ်းပြီး ပွတ်ပေးခြင်းဖြင့် အစွန်းတွေကိုပယ်ဖျက်နိုင်ပါတယ်။

၎။ ဆားငံသွားတဲ့ အသီးအနှံ၊ ဟင်သီးဟင်းရွက်တွေကိုအာလူးတခြမ်းထည့်ပေးပါ၊ အာလူးက ပိုနေတဲ့ ဆားတွေကို စုပ်ယူသွားပါ
လိမ့်မယ်။ ဆားငံ သွားတဲ့ ဟင်းတွေကိုလဲ ဒီအတိုင်း ပြုလုပ်နိုင်ပါတယ်။

၅။ ကြက်ဥပြုတ်နေတုန်း ကွဲမှာ ကြောက်ရင် ပြုတ်နေတဲ့ရေထဲကို ဆားအနည်းငယ်ထည့်နိုင်ပါတယ်။
ကြက်ဥပြုတ်နေရင်း ကွဲအက်ပြီး အကာတွေထွက်လာရင် ရှာလကာရည်အနည်းငယ်ထည့်ပေးလိုက်ပါ။ ကြက်ဥအကာ တွေထွက်ခြင်းမှကာကွယ်နိုင်ပါတယ်။

၆။ လက်ဖက်ကို ကိုယ်တိုင်ထောင်းပြီးနှပ်တတ်သူတွေအတွက် အသုံးတည့်လှပါတယ်။ ဆီတို့ဖူး ကို စိမ်ထားတဲ့ ဆီနဲ့ လက်ဖက်ကိုဆီစိမ်ပါ။ လက်ဖက်သား နူးအိလာပြီး၊ ပိုပြီးဆိမ့်လာပါတယ်။ ဆီတို့ဖူးကိုလဲ ရိုးရိုးဆီထပ်ထည့်ခြင်းဖြင့် ကုန်သွားတဲ့ဆီကိုအစားထိုးပေးပါ။

1 comments:

မင်းချစ်သူ said...

ဆီတို့ဖူး ဘယ်လိုလုပ်ရသလဲ သင်ပေးပါဦး၊ အိမ်မှာမိသားစုနဲ့လုပ်စားချင်လို့ပါ
thankyou